7. ကိုယ်တော်က``အချင်းလူသား၊ ဤအရပ် တွင်ငါ၏ရာဇပလ္လင်ရှိ၏။ ငါ၏ခြေနင်း ရာနေရာဖြစ်၏။ ငါသည်ဤအရပ်တွင် ဣသရေလအမျိုးသားတို့နှင့်အတူ ကျိန်းဝပ်တော်မူ၍သူတို့အားထာဝစဉ် အုပ်စိုးတော်မူမည်။ ဣသရေလအမျိုး သားများဖြစ်စေ၊ သူတို့၏ဘုရင်များ ဖြစ်စေ၊ ဝိညာဉ်ဆိုင်ရာပြည့်တန်ဆာ လုပ်ငန်းဖြင့်လည်းကောင်း၊ ဘုရင်တို့၏ အလောင်းများကိုမြင့်သောအရပ်များ တွင် ကိုးကွယ်ခြင်းအားဖြင့်လည်းကောင်း ငါ၏သန့်ရှင်းမြင့်မြတ်သောနာမတော် ကိုနောက်တစ်ဖန်မရှုတ်ချရ။-
8. ရှင်ဘုရင်များသည်မိမိတို့၏တံခါးတိုင် များနှင့်တံခါးအောက်ခံဘောင်များကိုငါ ၏ဗိမာန်တော်တံခါးတိုင်များ၊ တံခါး အောက်ခံဘောင်များနှင့်ကပ်လျက်ပြုလုပ် ထားကြ၏။ ဤနည်းအားဖြင့်ငါနှင့်သူ တို့၏ကြားတွင်နံရံသာခြား၍နေ၏။ သူတို့သည်စက်ဆုပ်ရွံရှာဖွယ်ကောင်းသော အမှုအပေါင်းကိုပြုကျင့်ကာငါ၏ သန့်ရှင်းမြင့်မြတ်သောနာမတော်ကို ရှုတ်ချကြ၏။ သို့ဖြစ်၍ငါသည်အမျက် ထွက်၍သူတို့အားဖျက်ဆီးတော်မူ၏။-
9. ယခုအခါသူတို့သည်ပြည့်တန်ဆာလုပ် ငန်းဖြင့် အခြားဘုရားများအားကိုးကွယ် မှုကိုရပ်စဲ၍ဘုရင်တို့၏အလောင်းများ ကိုဖယ်ရှားရကြမည်။ ယင်းသို့ပြုပါမူ ငါသည်သူတို့ထံတွင်ထာဝစဉ်ကျိန်းဝပ် တော်မူမည်'' ဟုမိန့်တော်မူ၏။
10. ထိုနောက်ထာဝရဘုရားကဆက်လက်၍ ``အချင်းလူသား၊ ဣသရေလအမျိုး သားတို့သည်မိမိတို့ပြုသောမကောင်း မှုများအတွက်ရှက်ကြောက်ခြင်းငှာ ဗိမာန်တော်ပုံစံကိုသူတို့အားဖော်ပြ၍ လေ့လာစေလော့။-
11. အကယ်၍သူတို့သည်မိမိတို့အကျင့်ဆိုး များအတွက်အကယ်ပင်ရှက်ကြောက်လာ ကြပါမူဗိမာန်တော်ပုံသဏ္ဌာန်၊ အဝင် အထွက်အပေါက်များ၊ အစီအစဉ်အလုံး စုံ၊ ဗိမာန်တော်၏ဥပဒေများနှင့်စည်းမျဉ်း သတ်မှတ်ချက်အပေါင်းကိုရှင်းပြလော့။ သူတို့ပြင်နိုင်ရန်နှင့်လိုက်နာနိုင်ရန်ယင်း တို့ကိုရေးသားလော့။-
12. ဗိမာန်တော်ဆိုင်ရာဥပဒေသကားဗိမာန် တော်တည်ဆောက်ထားရာတောင်ထိပ်တစ်ခု လုံးသည်သန့်ရှင်းမြင့်မြတ်၏ဟူ၍ဖြစ် သတည်း'' ဟုမိန့်တော်မူ၏။
13. ဗိမာန်တော်ကိုတိုင်းသည့်စံကိုပင်အသုံးပြု ၍တိုင်းထွာကြည့်ရာယဇ်ပလ္လင်၏အတိုင်းအ တာများမှာဤသို့တည်း။ ယဇ်ပလ္လင်၏အောက် ခြေဖိနပ်ပတ်လည်၌အနက်လက်မနှစ်ဆယ်၊ အကျယ်လက်မနှစ်ဆယ်ရှိသောရေစီးမြောင်း ရှိ၏။ ထိုမြောင်း၏အပြင်နှုတ်ခမ်းသည်ဆယ် လက်မထူ၏။-
14. ယဇ်ပလ္လင်၏အနိမ့်ဆုံးအဆင့်သည်လေးပေ မြင့်၏။ နောက်တစ်ဆင့်မှာပထမဆင့်၏အနား လေးဘက်စလုံးမှလက်မနှစ်ဆယ်ခွာ၍ထား ပြီးလျှင်အမြင့်ခုနစ်ပေရှိလေသည်။ နောက် တစ်ဆင့်သည်လည်းထိုနည်းတူဒုတိယ အဆင့်အနားလေးဘက်စလုံးမှလက်မ နှစ်ဆယ်ခွာ၍ထားလေ၏။-
15. ယဇ်ကောင်များကိုမီးရှို့ရာဖြစ်သည့်ဤ ထိပ်ဆုံးအဆင့်သည်လည်းခုနစ်ပေမြင့် လေသည်။ ယင်း၏ထောင့်လေးထောင့်တို့သည် ယဇ်ပလ္လင်ပေါ်တွင်အစွန်းများထွက်နေ၏။-
16. ယဇ်ပလ္လင်၏ထိပ်သည်စတုရန်းပုံသဏ္ဌာန် ဖြစ်၍အလျားအနံပေနှစ်ဆယ်စီရှိ၏။-
17. အလယ်ဆင့်သည်လည်းစတုရန်းပုံသဏ္ဌာန် ပင်ဖြစ်၍အလျားအနံနှစ်ဆယ့်လေးပေစီ ရှိ၏။ ယင်းအဆင့်ပတ်လည်အနားတွင်အနက် ဆယ်ပေရှိသောဘောင်ရှိ၏။ (ရေစီးမြောင်းသည် လက်မနှစ်ဆယ်ကျယ်သတည်း။) ယဇ်ပလ္လင်သို့ တက်ရန်လှေကားမှာအရှေ့ဘက်၌ရှိ၏။