17. အလယ်ဆင့်သည်လည်းစတုရန်းပုံသဏ္ဌာန် ပင်ဖြစ်၍အလျားအနံနှစ်ဆယ့်လေးပေစီ ရှိ၏။ ယင်းအဆင့်ပတ်လည်အနားတွင်အနက် ဆယ်ပေရှိသောဘောင်ရှိ၏။ (ရေစီးမြောင်းသည် လက်မနှစ်ဆယ်ကျယ်သတည်း။) ယဇ်ပလ္လင်သို့ တက်ရန်လှေကားမှာအရှေ့ဘက်၌ရှိ၏။
18. အရှင်ထာဝရဘုရားကငါ့အား``အချင်း လူသား၊ ငါပြောသည်ကိုနားထောင်လော့။ ယဇ် ပလ္လင်ကိုတည်ဆောက်ပြီးသောအခါသင်သည် ယဇ်ကောင်များကိုမီးရှို့ပူဇော်ခြင်း၊ ယဇ်ကောင် များ၏သွေးဖြင့်ယဇ်ပလ္လင်ကိုပက်ဖျန်းခြင်း ဖြင့်ယဇ်ပလ္လင်ကိုသန့်စင်စေရမည်။-
19. ငါ၏ရှေ့တော်သို့ဝင်၍အမှုတော်ဆောင်သူ များမှာဇာဒုတ်၏သားမြေး၊ လေဝိအနွယ် ဝင်ယဇ်ပုရောဟိတ်များဖြစ်ရမည်။ ဤကား ငါအရှင်ထာဝရဘုရားမိန့်တော်မူသော စကားဖြစ်၏။ သင်သည်အပြစ်ဖြေရာယဇ် ပူဇော်ရန်အတွက်နွားထီးပျိုတစ်ကောင် ကိုသူတို့အားပေးရမည်။-
20. သင်သည်ထိုနွား၏သွေးအနည်းငယ်ကိုယူ ၍ယဇ်ပလ္လင်ထိပ်ထောင့်ချွန်များ၊ အလယ်ဆင့် ထောင့်များနှင့်ယဇ်ပလ္လင်ပတ်လည်အနားတို့ အပေါ်မှာတင်ရမည်။ ဤနည်းအားဖြင့်သင် သည်ယဇ်ပလ္လင်ကိုသန့်စင်စေ၍ဆက်ကပ် ရမည်။-
21. အပြစ်ဖြေရာယဇ်အဖြစ်ဖြင့်ပူဇော်သည့် နွားကိုယူ၍ဗိမာန်တော်အပြင်ဘက်သတ် မှတ်ထားသည့်အရပ်တွင်မီးရှို့ရမည်။-
22. နောက်တစ်နေ့၌အပြစ်အနာအဆာကင်း သည့်ဆိတ်ထီးတစ်ကောင်ကိုယူ၍အပြစ် ဖြေရာယဇ်အဖြစ်ဖြင့်ပူဇော်ရမည်။-
23. ဤအမှုကိုပြုပြီးသောအခါအပြစ် အနာအဆာကင်းသောနွားပျိုတစ်ကောင် နှင့်သိုးထီးပျိုတစ်ကောင်ကိုယူ၍၊-
24. ထာဝရဘုရားထံသို့ဆောင်ခဲ့လော့။ ယဇ် ပုရောဟိတ်တို့သည်ထိုယဇ်ကောင်များကို ထာဝရဘုရားအားမီးရှို့ရာယဇ်ပူဇော် ရန်ဆားပက်၍မီးရှို့ကြလိမ့်မည်။-
25. သင်သည်ခုနစ်ရက်တိုင်တိုင်နေ့စဉ်နေ့တိုင်း ဆိတ်ထီးတစ်ကောင်၊ နွားထီးတစ်ကောင်နှင့်သိုး ထီးတစ်ကောင်ကိုအပြစ်ဖြေရာယဇ်အဖြစ် ဖြင့်ပူဇော်ရမည်။ ထိုသတ္တဝါအားလုံးတွင် အပြစ်အနာအဆာမရှိစေရ။-
26. ယဇ်ပုရောဟိတ်တို့သည်ခုနစ်ရက်တိုင်တိုင် ယဇ်ပလ္လင်ကိုသန့်စင်စေပြီးနောက်အသုံး ပြုနိုင်ရန်အသင့်ထားရှိရကြမည်။-
27. သီတင်းတစ်ပတ်ကုန်ဆုံးသွားသောအခါ ယဇ်ပုရောဟိတ်တို့သည် လူတို့အတွက်မီးရှို့ ပူဇော်ရာယဇ်များ၊ မိတ်သဟာယယဇ်များ ကိုယဇ်ပလ္လင်ပေါ်တွင်စတင်ပူဇော်ရကြ မည်။ ထိုအခါငါသည်သင်တို့အပေါင်းကို နှစ်သက်တော်မူလိမ့်မည်။ ဤကားငါအရှင် ထာဝရဘုရားမြွက်ဟတော်မူသော စကားဖြစ်၏'' ဟုမိန့်တော်မူ၏။