ယေ​ဇ​ကျေ​လ 43:1-15 Common Language Bible (BCL)

1. ထို​လူ​သည်​ငါ့​အား​အ​ရှေ့​ဘက်​သို့​မျက် နှာ​မူ​နေ​သည့်​မုခ်​ပေါက်​သို့​ခေါ်​ဆောင်​သွား ၏။-

2. ထို​အ​ရပ်​တွင်​ဣသ​ရေ​လ​အ​မျိုး​သား​တို့ ၏​ဘု​ရား​သ​ခင်​၏​တောက်​ပ​သော​ဘုန်း အ​သ​ရေ​တော်​သည်​အ​ရှေ့​အ​ရပ်​မှ​ပေါ် ထွက်​လာ​သည်​ကို​ငါ​မြင်​ရ​၏။ ဘု​ရား​သ​ခင်​၏​အ​သံ​တော်​သည်​ပင်​လယ်​မြည် ဟည်း​သံ​နှင့်​တူ​၏။ ကမ္ဘာ​မြေ​ကြီး​သည် လည်း​ကိုယ်​တော်​၏​ဘုန်း​အ​သ​ရေ​တော် နှင့်​တောက်​ပ​လျက်​ရှိ​၏။-

3. ဤ​ဗျာ​ဒိတ်​ရူ​ပါ​ရုံ​သည်​ယေ​ရု​ရှ​လင်​မြို့ ကို​ဖျက်​ဆီး​တော်​မူ​ရန်​ထာ​ဝ​ရ​ဘု​ရား ကြွ​လာ​တော်​မူ​ချိန်​၌​ငါ​မြင်​ခဲ့​ရ​သော ဗျာ​ဒိတ်​ရူ​ပါ​ရုံ​နှင့်​ခေ​ဗာ​မြစ်​အ​နီး​၌ ငါ​မြင်​ခဲ့​ရ​သော​ဗျာ​ဒိတ်​ရူ​ပါ​ရုံ​တို့​နှင့် တူ​၏။ သို့​ဖြစ်​၍​ငါ​သည်​မြေ​ပေါ်​သို့​ဝမ်း လျား​မှောက်​လှဲ​ချ​ပျပ်​ဝပ်​၏။-

4. တောက်​ပ​သော​ဘုန်း​အ​သ​ရေ​တော်​သည် အ​ရှေ့​မုခ်​ပေါက်​ကို​ဖြတ်​၍​ဗိ​မာန်​တော် ထဲ​သို့​ဝင်​တော်​မူ​၏။

5. ထာ​ဝ​ရ​ဘု​ရား​၏​ဝိ​ညာဉ်​တော်​သည်​ငါ့​အား ချီ​ဆောင်​တော်​မူ​ပြီး​လျှင်​တံ​တိုင်း​အ​တွင်း ဝင်း​ထဲ​သို့​ယူ​ဆောင်​သွား​တော်​မူ​၏။ ဗိ​မာန်​တော် သည်​ထာ​ဝ​ရ​ဘု​ရား​၏​ဘုန်း​အ​သ​ရေ​တော် ဖြင့်​ပြည့်​လျက်​နေ​သည်​ကို​ထို​အ​ရပ်​မှ​မြင် ရ​၏။-

6. ကူ​ရိုး​နှင့်​လူ​သည်​ငါ​၏​အ​နီး​တွင်​ရပ်​၍ နေ​စဉ်​ဗိ​မာန်​တော်​အ​ထဲ​မှ​ထာ​ဝ​ရ ဘု​ရား​မိန့်​တော်​မူ​သံ​ကို​ငါ​ကြား​ရ​၏။-

7. ကိုယ်​တော်​က``အ​ချင်း​လူ​သား၊ ဤ​အ​ရပ် တွင်​ငါ​၏​ရာ​ဇ​ပလ္လင်​ရှိ​၏။ ငါ​၏​ခြေ​နင်း ရာ​နေ​ရာ​ဖြစ်​၏။ ငါ​သည်​ဤ​အ​ရပ်​တွင် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​နှင့်​အ​တူ ကျိန်း​ဝပ်​တော်​မူ​၍​သူ​တို့​အား​ထာ​ဝ​စဉ် အုပ်​စိုး​တော်​မူ​မည်။ ဣ​သ​ရေ​လ​အ​မျိုး သား​များ​ဖြစ်​စေ၊ သူ​တို့​၏​ဘု​ရင်​များ ဖြစ်​စေ၊ ဝိ​ညာဉ်​ဆိုင်​ရာ​ပြည့်​တန်​ဆာ လုပ်​ငန်း​ဖြင့်​လည်း​ကောင်း၊ ဘု​ရင်​တို့​၏ အ​လောင်း​များ​ကို​မြင့်​သော​အ​ရပ်​များ တွင် ကိုး​ကွယ်​ခြင်း​အား​ဖြင့်​လည်း​ကောင်း ငါ​၏​သန့်​ရှင်း​မြင့်​မြတ်​သော​နာ​မ​တော် ကို​နောက်​တစ်​ဖန်​မ​ရှုတ်​ချ​ရ။-

8. ရှင်​ဘု​ရင်​များ​သည်​မိ​မိ​တို့​၏​တံ​ခါး​တိုင် များ​နှင့်​တံ​ခါး​အောက်​ခံ​ဘောင်​များ​ကို​ငါ ၏​ဗိ​မာန်​တော်​တံ​ခါး​တိုင်​များ၊ တံ​ခါး အောက်​ခံ​ဘောင်​များ​နှင့်​ကပ်​လျက်​ပြု​လုပ် ထား​ကြ​၏။ ဤ​နည်း​အား​ဖြင့်​ငါ​နှင့်​သူ တို့​၏​ကြား​တွင်​နံ​ရံ​သာ​ခြား​၍​နေ​၏။ သူ​တို့​သည်​စက်​ဆုပ်​ရွံ​ရှာ​ဖွယ်​ကောင်း​သော အ​မှု​အ​ပေါင်း​ကို​ပြု​ကျင့်​ကာ​ငါ​၏ သန့်​ရှင်း​မြင့်​မြတ်​သော​နာ​မ​တော်​ကို ရှုတ်​ချ​ကြ​၏။ သို့​ဖြစ်​၍​ငါ​သည်​အ​မျက် ထွက်​၍​သူ​တို့​အား​ဖျက်​ဆီး​တော်​မူ​၏။-

9. ယ​ခု​အ​ခါ​သူ​တို့​သည်​ပြည့်​တန်​ဆာ​လုပ် ငန်း​ဖြင့် အ​ခြား​ဘု​ရား​များ​အား​ကိုး​ကွယ် မှု​ကို​ရပ်​စဲ​၍​ဘု​ရင်​တို့​၏​အ​လောင်း​များ ကို​ဖယ်​ရှား​ရ​ကြ​မည်။ ယင်း​သို့​ပြု​ပါ​မူ ငါ​သည်​သူ​တို့​ထံ​တွင်​ထာ​ဝ​စဉ်​ကျိန်း​ဝပ် တော်​မူ​မည်'' ဟု​မိန့်​တော်​မူ​၏။

10. ထို​နောက်​ထာ​ဝရ​ဘု​ရား​က​ဆက်​လက်​၍ ``အ​ချင်း​လူ​သား၊ ဣ​သ​ရေ​လ​အ​မျိုး သား​တို့​သည်​မိ​မိ​တို့​ပြု​သော​မ​ကောင်း မှု​များ​အ​တွက်​ရှက်​ကြောက်​ခြင်း​ငှာ ဗိ​မာန်​တော်​ပုံ​စံ​ကို​သူ​တို့​အား​ဖော်​ပြ​၍ လေ့​လာ​စေ​လော့။-

11. အ​ကယ်​၍​သူ​တို့​သည်​မိ​မိ​တို့​အ​ကျင့်​ဆိုး များ​အ​တွက်​အ​ကယ်​ပင်​ရှက်​ကြောက်​လာ ကြ​ပါ​မူ​ဗိ​မာန်​တော်​ပုံ​သဏ္ဌာန်၊ အ​ဝင် အ​ထွက်​အ​ပေါက်​များ၊ အ​စီ​အ​စဉ်​အ​လုံး စုံ၊ ဗိ​မာန်​တော်​၏​ဥ​ပ​ဒေ​များ​နှင့်​စည်း​မျဉ်း သတ်​မှတ်​ချက်​အ​ပေါင်း​ကို​ရှင်း​ပြ​လော့။ သူ​တို့​ပြင်​နိုင်​ရန်​နှင့်​လိုက်​နာ​နိုင်​ရန်​ယင်း တို့​ကို​ရေး​သား​လော့။-

12. ဗိ​မာန်​တော်​ဆိုင်​ရာ​ဥ​ပ​ဒေ​သ​ကား​ဗိ​မာန် တော်​တည်​ဆောက်​ထား​ရာ​တောင်​ထိပ်​တစ်​ခု လုံး​သည်​သန့်​ရှင်း​မြင့်​မြတ်​၏​ဟူ​၍​ဖြစ် သ​တည်း'' ဟု​မိန့်​တော်​မူ​၏။

13. ဗိ​မာန်​တော်​ကို​တိုင်း​သည့်​စံ​ကို​ပင်​အ​သုံး​ပြု ၍​တိုင်း​ထွာ​ကြည့်​ရာ​ယဇ်​ပလ္လင်​၏​အ​တိုင်း​အ တာ​များ​မှာ​ဤ​သို့​တည်း။ ယဇ်​ပလ္လင်​၏​အောက် ခြေ​ဖိနပ်​ပတ်​လည်​၌​အ​နက်​လက်​မ​နှစ်​ဆယ်၊ အ​ကျယ်​လက်​မ​နှစ်​ဆယ်​ရှိ​သော​ရေ​စီး​မြောင်း ရှိ​၏။ ထို​မြောင်း​၏​အ​ပြင်​နှုတ်​ခမ်း​သည်​ဆယ် လက်​မ​ထူ​၏။-

14. ယဇ်​ပလ္လင်​၏​အ​နိမ့်​ဆုံး​အ​ဆင့်​သည်​လေး​ပေ မြင့်​၏။ နောက်​တစ်​ဆင့်​မှာ​ပ​ထ​မ​ဆင့်​၏​အ​နား လေး​ဘက်​စ​လုံး​မှ​လက်​မ​နှစ်​ဆယ်​ခွာ​၍​ထား ပြီး​လျှင်​အမြင့်​ခု​နစ်​ပေ​ရှိ​လေ​သည်။ နောက် တစ်​ဆင့်​သည်​လည်း​ထို​နည်း​တူ​ဒု​တိ​ယ အ​ဆင့်​အ​နား​လေး​ဘက်​စ​လုံး​မှ​လက်​မ နှစ်​ဆယ်​ခွာ​၍​ထား​လေ​၏။-

15. ယဇ်​ကောင်​များ​ကို​မီး​ရှို့​ရာ​ဖြစ်​သည့်​ဤ ထိပ်​ဆုံး​အ​ဆင့်​သည်​လည်း​ခု​နစ်​ပေ​မြင့် လေ​သည်။ ယင်း​၏​ထောင့်​လေး​ထောင့်​တို့​သည် ယဇ်​ပလ္လင်​ပေါ်​တွင်​အ​စွန်း​များ​ထွက်​နေ​၏။-

ယေ​ဇ​ကျေ​လ 43