6. မြေပြင်သုံးဆင့်စလုံး၌ရှိသောအခန်း တို့သည်မြေပြန့်ကုန်းမြင့်များပေါ်တွင်တည် ဆောက်ထားသဖြင့်ယင်းတို့သည်တံတိုင်း အပြင်ဝင်းအတွင်းမှအခြားအဆောက် အအုံများမှာကဲ့သို့ကျောက်တိုင်များ မရှိချေ။-
11. အခန်းများ၏ရှေ့တွင်မြောက်ဘက်မှာကဲ့ သို့ပင်လမ်းတစ်သွယ်ရှိ၏။ ထိုအခန်းတို့ ၏အတိုင်းအတာ၊ ပုံပန်းသဏ္ဌာန်နှင့်တံခါး ပေါက်များသည်မြောက်ဘက်ရှိအခန်းများ အတိုင်းပင်ဖြစ်၏။-
12. ဤအဆောက်အအုံ၏တောင်ဘက်ပိုင်း ရှိအခန်းများအောက်တွင်တံတိုင်းအစ ပြုသည့်အရှေ့စွန်း၌တံခါးတစ်ခုရှိ၏။
13. ထိုသူကငါ့အား``ဤအဆောက်အအုံနှစ် ခုစလုံးသည်သန့်ရှင်းမြင့်မြတ်၏။ ထာဝရ ဘုရား၏ရှေ့တော်သို့ဝင်ရသူယဇ်ပုရော ဟိတ်တို့သည်ထိုအဆောက်အအုံများထဲ ၌အလွန်သန့်ရှင်းမြင့်မြတ်သောပူဇော် သကာများကိုစားသောက်ရကြ၏။ ထို အခန်းများသည်သန့်ရှင်းမြင့်မြတ်သဖြင့် ယဇ်ပုရောဟိတ်တို့သည်ဘောဇဉ်ပူဇော် သကာ၊ အပြစ်ဖြေရာယဇ်နှင့်ဒုစရိုက် ဖြေရာယဇ်တည်းဟူသောအလွန်သန့်ရှင်း မြင့်မြတ်သည့်ပူဇော်သကာများကိုထား ကြသည်။-