ယေ​ဇ​ကျေ​လ 42:3-11 Common Language Bible (BCL)

3. ယင်း​သည်​တစ်​ဖက်​ဗိ​မာန်​တော်​နှင့်​ယှဉ်​၍​သုံး ဆယ့်​လေး​ပေ​ကျယ်​သော​မြေ​ကွက်​လပ်​ကို လည်း​ကောင်း၊ တံ​တိုင်း​အ​ပြင်​ဝင်း​၏​နောက် ဘက်​မှ​ကျောက်​သ​မံ​တ​လင်း​ခင်း​လမ်း​ကို လည်း​ကောင်း​မျက်​နှာ​မူ​၍​နေ​၏။ ထို​အ​ဆောက် အ​အုံ​ကို​အ​ဆင့်​ဆင့်​မြင့်​တက်​လာ​သော မြေ​ပြင်​သုံး​ဆင့်​အ​ပေါ်​တွင်​တည်​ဆောက် ထား​လေ​သည်။-

4. မြောက်​ဘက်​၌​ယင်း​ကို​ယှဉ်​လျက်​နေ​သည့် လမ်း​တစ်​သွယ်​ရှိ​၏။ ထို​လမ်း​သည်​အ​လျား ပေ​တစ်​ရာ​ခု​နစ်​ဆယ်၊ အ​နံ​တစ်​ဆယ့်​ခု​နစ် ပေ​ရှိ​၏။ ထို​မြောက်​ဘက်​၌​ပင်​လျှင်​ထို အ​ဆောက်​အ​အုံ​သို့​ဝင်​ရန်​အ​ပေါက်​များ ရှိ​လေ​သည်။-

5. အ​မြင့်​ပိုင်း​တွင်​ရှိ​သည့်​အ​ခန်း​များ​သည် အ​လယ်​ပိုင်း​နှင့်​အ​နိမ့်​ပိုင်း​တွင်​ရှိ​သည့် အ​ခန်း​များ​ထက်​ပို​၍​ကျဉ်း​၏။ အ​ဘယ် ကြောင့်​ဆို​သော်​ထို​အ​ခန်း​တို့​ကို​နောက်​သို့ ဆုတ်​၍​ဆောက်​လုပ်​ထား​သော​ကြောင့်​ဖြစ်​၏။-

6. မြေ​ပြင်​သုံး​ဆင့်​စ​လုံး​၌​ရှိ​သော​အ​ခန်း တို့​သည်​မြေ​ပြန့်​ကုန်း​မြင့်​များ​ပေါ်​တွင်​တည် ဆောက်​ထား​သ​ဖြင့်​ယင်း​တို့​သည်​တံ​တိုင်း အ​ပြင်​ဝင်း​အ​တွင်း​မှ​အ​ခြား​အ​ဆောက် အ​အုံ​များ​မှာ​ကဲ့​သို့​ကျောက်​တိုင်​များ မ​ရှိ​ချေ။-

11. အ​ခန်း​များ​၏​ရှေ့​တွင်​မြောက်​ဘက်​မှာ​ကဲ့ သို့​ပင်​လမ်း​တစ်​သွယ်​ရှိ​၏။ ထို​အ​ခန်း​တို့ ၏​အ​တိုင်း​အ​တာ၊ ပုံ​ပန်း​သဏ္ဌာန်​နှင့်​တံ​ခါး ပေါက်​များ​သည်​မြောက်​ဘက်​ရှိ​အ​ခန်း​များ အ​တိုင်း​ပင်​ဖြစ်​၏။-

ယေ​ဇ​ကျေ​လ 42