11. အခန်းများ၏ရှေ့တွင်မြောက်ဘက်မှာကဲ့ သို့ပင်လမ်းတစ်သွယ်ရှိ၏။ ထိုအခန်းတို့ ၏အတိုင်းအတာ၊ ပုံပန်းသဏ္ဌာန်နှင့်တံခါး ပေါက်များသည်မြောက်ဘက်ရှိအခန်းများ အတိုင်းပင်ဖြစ်၏။-
12. ဤအဆောက်အအုံ၏တောင်ဘက်ပိုင်း ရှိအခန်းများအောက်တွင်တံတိုင်းအစ ပြုသည့်အရှေ့စွန်း၌တံခါးတစ်ခုရှိ၏။
13. ထိုသူကငါ့အား``ဤအဆောက်အအုံနှစ် ခုစလုံးသည်သန့်ရှင်းမြင့်မြတ်၏။ ထာဝရ ဘုရား၏ရှေ့တော်သို့ဝင်ရသူယဇ်ပုရော ဟိတ်တို့သည်ထိုအဆောက်အအုံများထဲ ၌အလွန်သန့်ရှင်းမြင့်မြတ်သောပူဇော် သကာများကိုစားသောက်ရကြ၏။ ထို အခန်းများသည်သန့်ရှင်းမြင့်မြတ်သဖြင့် ယဇ်ပုရောဟိတ်တို့သည်ဘောဇဉ်ပူဇော် သကာ၊ အပြစ်ဖြေရာယဇ်နှင့်ဒုစရိုက် ဖြေရာယဇ်တည်းဟူသောအလွန်သန့်ရှင်း မြင့်မြတ်သည့်ပူဇော်သကာများကိုထား ကြသည်။-
14. ယဇ်ပုရောဟိတ်များသည်ဗိမာန်တော်ထဲ သို့ရောက်ရှိကြပြီးနောက်တံတိုင်းအပြင် ဝင်းသို့ပြန်၍ထွက်လိုကြသောအခါ မိမိ တို့ဘုရားသခင်၏အမှုတော်ကိုဆောင်ရွက် နေစဉ်ဝတ်ဆင်ထားသောသန့်ရှင်းမြင့်မြတ် သည့်အဝတ်တို့ကို ဤအခန်းများတွင်ချွတ် ထားခဲ့ရကြ၏။ သူတို့သည်လူတို့စုဝေး ရာအရပ်သို့ထွက်ခွာ၍မသွားမီအဝတ် များကိုလဲရကြလေသည်။
15. ထိုလူသည်ဗိမာန်တော်အတွင်းပိုင်းအကျယ် အဝန်းကိုတိုင်းတာပြီးနောက် ငါ့အားအရှေ့ တံခါးမှခေါ်ဆောင်ကာအပြင်ပိုင်းကိုတိုင်း တာ၍ကြည့်၏။-
16. သူသည်ကူရိုးကိုယူ၍အပြင်ပိုင်းကို တိုင်းရာရှစ်ရာလေးဆယ်ပေရှိလေသည်။-
17-19. ထိုနောက်မြောက်ပိုင်း၊ တောင်ပိုင်းနှင့်အနောက် ပိုင်းတို့ကိုတိုင်းတာ၏။ ယင်းတို့အားလုံး အလျားပေရှစ်ရာလေးဆယ်စီရှိကြ၏။-
20. သို့ဖြစ်၍တံတိုင်းသည်စတုရန်းပေရှစ်ရာ လေးဆယ်ရှိသောမြေကိုကာရံ၍ထားလေ သည်။ ဤတံတိုင်းကသန့်ရှင်းသောအရပ်နှင့် မသန့်ရှင်းသောအရပ်တို့ကိုပိုင်းခြား၍ ထားသတည်း။