ယေ​ဇ​ကျေ​လ 41:7-14 Common Language Bible (BCL)

7. သို့​ဖြစ်​၍​အောက်​ထပ်​မှ​အ​လယ်​ထပ်​သို့ လည်း​ကောင်း၊ အ​လယ်​ထပ်​မှ​အ​ထက်​ထပ် သို့​လည်း​ကောင်း​သွား​လာ​နိုင်​ကြ​၏။ ဗိ​မာန် တော်​နံ​ရံ​ပတ်​လည်​မှ​အ​ခန်း​များ​၏​ရှေ့ တွင်​လှေ​ကား​ကျယ်​နှစ်​ခု​ရှိ​၏။ ထို​အ​ခန်း ရှိ​နေ​ခြင်း​ကြောင့်​ဗိ​မာန်​တော်​နံ​ရံ​များ ၏​ထု​ထည်​ကို​အောက်​ဆုံး​မှ​အ​ထက်​ဆုံး အ​ထိ​တစ်​ညီ​တည်း​ဟု​ထင်​မှတ်​ရ​၏။-

12. ဗိ​မာန်​တော်​အ​နောက်​ဘက်​မြေ​လွတ်​အ​စွန်း တွင်​အ​ဆောက်​အ​အုံ​တစ်​ခု​ရှိ​၏။ ယင်း သည်​အလျား​တစ်​ရာ့​ငါး​ဆယ်​ပေ၊ အ​နံ တစ်​ရာ​တစ်​ဆယ့်​ခု​နစ်​ပေ​ရှိ​၏။ ထို​အ​ဆောက် အ​အုံ​၏​နံ​ရံ​တစ်​လျှောက်​လုံး​သည်​ထု ရှစ်​ပေ​ရှိ​၏။

13. ထို​လူ​သည်​ဗိ​မာန်​တော်​အ​ပြင်​ပိုင်း​ကို​တိုင်း တာ​၍​ကြည့်​၏။ ယင်း​သည်​အ​လျား​ပေ​တစ် ရာ​ခု​နစ်​ဆယ်​ရှိ​၏။ ဗိ​မာန်​တော်​ကျော​ဘက် မှ​နေ​၍​မြေ​လွတ်​ကို​ဖြတ်​ကာ​အ​နောက် ဘက်​ဗိ​မာန်​တော်​အ​စွန်း​ဆုံး​အ​ပိုင်း​အ​ထိ ပေ​တစ်​ရာ​ခု​နစ်​ဆယ်​ရှိ​၏။-

14. ဝဲ​ယာ​မှ​မြေ​လွတ်​အ​ပါ​အ​ဝင်​ဗိ​မာန်​တော် မျက်​နှာ​စာ​ကို​ဖြတ်​၍​တိုင်း​တာ​ကြည့်​ရာ ပေ​တစ်​ရာ​ခု​နစ်​ဆယ်​ရှိ​လေ​သည်။-

ယေ​ဇ​ကျေ​လ 41