19. လူမျက်နှာနှင့်ခြင်္သေ့မျက်နှာဖြစ်၍ လူမျက် နှာသည်စွန်ပလွံပင်တစ်ပင်ဘက်သို့လှည့် ၍ ခြင်္သေ့မျက်နှာကအခြားစွန်ပလွံပင် တစ်ပင်ဘက်သို့လှည့်၍နေ၏။-
20. ဤနည်းအတိုင်းနံရံတစ်လျှောက်လုံးတွင် ကြမ်းပြင်မှတံခါးပေါက်အထက်တိုင် အောင်အရုပ်များထွင်းထုလုပ်၍ထား လေသည်။-
21. သန့်ရှင်းရာဌာန၏တံခါးတိုင်များ သည်လေးထောင့်တိုင်များဖြစ်ကြ၏။အလွန်သန့်ရှင်းရာဌာနအဝင်ဝ၏ရှေ့ ၌သစ်သားယဇ်ပလ္လင်နှင့်တူသောအရာ တစ်ခုရှိ၏။-
22. ထိုအရာသည်ငါးပေမြင့်၍လေးပေကျယ် ၏။ ယင်း၏ထောင့်တိုင်များ၊ အောက်အခြေခံ ဖိနပ်နှင့်နံရံများသည်သစ်သားဖြင့်ပြီး ကြ၏။ ထိုလူက``ဤကားထာဝရဘုရား ၏ရှေ့တော်စားပွဲဖြစ်သည်'' ဟုငါ့အား ဆို၏။
23. သန့်ရှင်းရာဌာနသို့ဝင်ရာလမ်းအဆုံး ၌လည်းကောင်း၊ အလွန်သန့်ရှင်းရာဌာန တော်သို့ဝင်ရာလမ်းအဆုံး၌လည်းကောင်း တံခါးတစ်ခုစီရှိ၏။-
24. ယင်းတို့သည်အလယ်မှဖွင့်ရသောနှစ် ရွက်တံခါးများဖြစ်ကြ၏။-
25. သန့်ရှင်းရာဌာနသို့ဝင်ရာတံခါးများတွင် လည်းနံရံများကဲ့သို့ပင်စွန်ပလွံပင်ပုံ များနှင့်ခေရုဗိမ်ရုပ်များထုလုပ်၍ထား၏။ ထို့ပြင်မုခ်ဦးခန်းအဝင်တံခါးအပြင် ဘက်၌လည်းသစ်သားဖောင်းရစ်တစ်ခုရှိ၏။-
26. ထိုအခန်းတွင်ဘေးပြူတင်းပေါက်များရှိ၍ နံရံများ၌လည်းစွန်ပလွံပင်ပုံများထု လုပ်ထားလေသည်။ ဗိမာန်တော်၏ဘေးခန်း တွင်လည်း သစ်သားဖောင်းရစ်များရှိသည်။