ယေ​ဇ​ကျေ​လ 41:16-21 Common Language Bible (BCL)

16. ကြမ်း​ပြင်​မှ​ပြူ​တင်း​ပေါက်​များ​အ​ထိ သစ် သား​မှန်​ကွက်​ပုံ​များ​ဖြင့်​တပ်​ဆင်​ထား​၏။ ဤ​ပြူ​တင်း​ပေါက်​များ​ကို​လည်း ဖုံး​အုပ်​၍ ထား​နိုင်​၏။-

17. ဗိ​မာန်​တော်​အ​တွင်း​နံ​ရံ​များ​ကား​တံ​ခါး ပေါက်​အ​ထက်​အ​ထိ

18. စွန်​ပ​လွံ​ပင်​ပုံ​များ၊ ခေ​ရု​ဗိမ်​ရုပ်​ပုံ​များ​ကို ထု​လုပ်​၍​တန်​ဆာ​ဆင်​ထား​လေ​သည်။ အ​ခန်း ပတ်​လည်​တစ်​လျှောက်​လုံး​ဦး​စွာ​စွန်​ပ​လွံ ပင်​ပုံ၊ ထို​နောက်​ခေ​ရု​ဗိမ်​ရုပ်​ပုံ၊ ထို​နောက် စွန်​ပ​လွံ​ပင်​ပုံ​စ​သည်​ဖြင့်​ထု​လုပ်​ထား သ​တည်း။ ခေ​ရု​ဗိမ်​တစ်​ပါး​စီ​တွင်​မျက်​နှာ နှစ်​မျိုး​ရှိ​၏။-

19. လူ​မျက်​နှာ​နှင့်​ခြင်္သေ့​မျက်​နှာ​ဖြစ်​၍ လူ​မျက် နှာ​သည်​စွန်​ပ​လွံ​ပင်​တစ်​ပင်​ဘက်​သို့​လှည့် ၍ ခြင်္သေ့​မျက်​နှာ​က​အ​ခြား​စွန်​ပ​လွံ​ပင် တစ်​ပင်​ဘက်​သို့​လှည့်​၍​နေ​၏။-

20. ဤ​နည်း​အ​တိုင်း​နံ​ရံ​တစ်​လျှောက်​လုံး​တွင် ကြမ်း​ပြင်​မှ​တံ​ခါး​ပေါက်​အ​ထက်​တိုင် အောင်​အ​ရုပ်​များ​ထွင်း​ထု​လုပ်​၍​ထား လေ​သည်။-

21. သန့်​ရှင်း​ရာ​ဌာ​န​၏​တံ​ခါး​တိုင်​များ သည်​လေး​ထောင့်​တိုင်​များ​ဖြစ်​ကြ​၏။အ​လွန်​သန့်​ရှင်း​ရာ​ဌာ​န​အ​ဝင်​ဝ​၏​ရှေ့ ၌​သစ်​သား​ယဇ်​ပလ္လင်​နှင့်​တူ​သော​အ​ရာ တစ်​ခု​ရှိ​၏။-

ယေ​ဇ​ကျေ​လ 41