13. ထိုလူသည်ဗိမာန်တော်အပြင်ပိုင်းကိုတိုင်း တာ၍ကြည့်၏။ ယင်းသည်အလျားပေတစ် ရာခုနစ်ဆယ်ရှိ၏။ ဗိမာန်တော်ကျောဘက် မှနေ၍မြေလွတ်ကိုဖြတ်ကာအနောက် ဘက်ဗိမာန်တော်အစွန်းဆုံးအပိုင်းအထိ ပေတစ်ရာခုနစ်ဆယ်ရှိ၏။-
14. ဝဲယာမှမြေလွတ်အပါအဝင်ဗိမာန်တော် မျက်နှာစာကိုဖြတ်၍တိုင်းတာကြည့်ရာ ပေတစ်ရာခုနစ်ဆယ်ရှိလေသည်။-
15. ထိုလူသည်ဝဲယာရှိစင်္ကြံများအပါအဝင် ဗိမာန်တော်၏အနောက်ဘက်ကိုတိုင်းတာ ကြည့်ရာ ပေတစ်ရာခုနစ်ဆယ်ရှိသည်ကို တွေ့ရ၏။ဗိမာန်တော်မုခ်ဦးခန်း၊ ခန်းမဆောင်ကြီးနှင့် အလွန်သန့်ရှင်းရာဌာနတော်တို့၏နံရံ များကို၊-
16. ကြမ်းပြင်မှပြူတင်းပေါက်များအထိ သစ် သားမှန်ကွက်ပုံများဖြင့်တပ်ဆင်ထား၏။ ဤပြူတင်းပေါက်များကိုလည်း ဖုံးအုပ်၍ ထားနိုင်၏။-
17. ဗိမာန်တော်အတွင်းနံရံများကားတံခါး ပေါက်အထက်အထိ
18. စွန်ပလွံပင်ပုံများ၊ ခေရုဗိမ်ရုပ်ပုံများကို ထုလုပ်၍တန်ဆာဆင်ထားလေသည်။ အခန်း ပတ်လည်တစ်လျှောက်လုံးဦးစွာစွန်ပလွံ ပင်ပုံ၊ ထိုနောက်ခေရုဗိမ်ရုပ်ပုံ၊ ထိုနောက် စွန်ပလွံပင်ပုံစသည်ဖြင့်ထုလုပ်ထား သတည်း။ ခေရုဗိမ်တစ်ပါးစီတွင်မျက်နှာ နှစ်မျိုးရှိ၏။-
19. လူမျက်နှာနှင့်ခြင်္သေ့မျက်နှာဖြစ်၍ လူမျက် နှာသည်စွန်ပလွံပင်တစ်ပင်ဘက်သို့လှည့် ၍ ခြင်္သေ့မျက်နှာကအခြားစွန်ပလွံပင် တစ်ပင်ဘက်သို့လှည့်၍နေ၏။-
20. ဤနည်းအတိုင်းနံရံတစ်လျှောက်လုံးတွင် ကြမ်းပြင်မှတံခါးပေါက်အထက်တိုင် အောင်အရုပ်များထွင်းထုလုပ်၍ထား လေသည်။-
21. သန့်ရှင်းရာဌာန၏တံခါးတိုင်များ သည်လေးထောင့်တိုင်များဖြစ်ကြ၏။အလွန်သန့်ရှင်းရာဌာနအဝင်ဝ၏ရှေ့ ၌သစ်သားယဇ်ပလ္လင်နှင့်တူသောအရာ တစ်ခုရှိ၏။-
22. ထိုအရာသည်ငါးပေမြင့်၍လေးပေကျယ် ၏။ ယင်း၏ထောင့်တိုင်များ၊ အောက်အခြေခံ ဖိနပ်နှင့်နံရံများသည်သစ်သားဖြင့်ပြီး ကြ၏။ ထိုလူက``ဤကားထာဝရဘုရား ၏ရှေ့တော်စားပွဲဖြစ်သည်'' ဟုငါ့အား ဆို၏။
23. သန့်ရှင်းရာဌာနသို့ဝင်ရာလမ်းအဆုံး ၌လည်းကောင်း၊ အလွန်သန့်ရှင်းရာဌာန တော်သို့ဝင်ရာလမ်းအဆုံး၌လည်းကောင်း တံခါးတစ်ခုစီရှိ၏။-