40. အခန်း၏အပြင်ဘက်၌လည်းမြောက်မုခ်ပေါက်တစ်ဘက်တစ်ချက်တွင်စားပွဲနှစ်လုံးစီရှိသဖြင့်စုစုပေါင်းလေးလုံးရှိ၏။-
41. သို့ဖြစ်၍တိရစ္ဆာန်များကိုသတ်ရန်အခန်းထဲ၌စားပွဲလေးလုံး၊ အပြင်၌လေးလုံး၊ စုစုပေါင်းရှစ်လုံးရှိသတည်း။-
42. တိုးချဲ့ဆောင်တွင်တစ်ကောင်လုံးမီးရှို့ပူဇော်ရာယဇ်ကောင်များကိုပြင်ဆင်ရန်စားပွဲလေးလုံးမှာကျောက်ကိုဆစ်၍ပြုလုပ်ထားလေသည်။ ထိုစားပွဲများသည်အလျားတူအနံတူလက်မသုံးဆယ်စီရှိ၍ လက်မနှစ်ဆယ်မြင့်၏။ ယင်းတို့အပေါ်တွင်ယဇ်ကောင်များကိုသတ်ရန်ကိရိယာတန်ဆာများကိုတင်ထား၏။-
43. ထိုစားပွဲများတွင်အထူသုံးလက်မရှိသောအနားပတ်များတပ်ထား၏။ ယဇ်ပူဇော်ရန်အသားများကိုထိုစားပွဲများပေါ်တွင်တင်ထားရ၏။