ယေ​ဇ​ကျေ​လ 40:29-30-42 Common Language Bible (BCL)

3. ကိုယ်​တော်​သည်​ငါ့​အား​ထို​မြို့​အ​နီး​သို့​ခေါ်​ဆောင်​သွား​တော်​မူ​သော​အ​ခါ ငါ​သည်​ကြေး​ဝါ​ကဲ့​သို့​တောက်​ပြောင်​လျက်​နေ​သော​လူ​တစ်​ယောက်​ကို​မြင်​ရ​၏။ သူ​သည်​ပေ​ကြိုး​နှင့်​တိုင်း​တာ​ရန် ကူ​လုံး​တို့​ကို​ကိုင်​ကာ​မြို့​တံ​ခါး​ဝ​တွင်​ရပ်​လျက်​နေ​၏။

4. ကိုယ်​တော်​က​ငါ့​အား``အ​ချင်း​လူ​သား၊ စေ့​စေ့​ကြည့်​ရှု​လော့။ သင့်​အား​ငါ​ပြော​သည်​ကို​ဂ​ရု​ပြု​နား​ထောင်​၍​ငါ​ပြ​သည့်​အ​ရာ​မှန်​သ​မျှ​ကို​သေ​ချာ​စွာ​မှတ်​သား​ထား​လော့။ အ​ဘယ်​ကြောင့်​ဆို​သော်​ငါ​သည်​သင့်​အား ထို​အ​ရာ​များ​ကို​ပြ​ရန်​အ​တွက် ဤ​အ​ရပ်​သို့​ဆောင်​ယူ​လာ​ခြင်း​ဖြစ်​သော​ကြောင့်​တည်း။ သင်​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​မိ​မိ​တွေ့​မြင်​ရ​သော​အ​မှု​အ​ရာ​ကို​ပြော​ပြ​ရ​မည်'' ဟု​မိန့်​တော်​မူ​၏။

5. ငါ​မြင်​ရ​သော​အ​ရာ​မှာ​ဗိ​မာန်​တော်​ဖြစ်​၏။ ထို​ဗိ​မာန်​တော်​ကို​တံ​တိုင်း​ကာ​ရံ​ထား​၏။ ကူ​လုံး​ကို​ကိုင်​ထား​သော​လူ​သည်​ထို​ဆယ်​ပေ​ရှည်​သော​ကူ​လုံး​ဖြင့်​တံ​တိုင်း​ကို​တိုင်း​ထွာ​ကြည့်​၏။ တံ​တိုင်း​သည်​အ​မြင့်​ဆယ်​ပေ၊ ထု​ဆယ်​ပေ​ရှိ​၏။-

6. ထို​နောက်​သူ​သည်​အ​ရှေ့​အ​ရပ်​သို့​မျက်​နှာ​မူ​နေ​သည့်​တံ​ခါး​သို့​သွား​၍​လှေ​ကား​ကို​တက်​ပြီး​လျှင် အ​ပေါ်​ဆုံး​အ​ထစ်​မှ​တံ​ခါး​ဝ​ကို​တိုင်း​ကြည့်​ရာ​အ​မြင့်​ဆယ်​ပေ​ရှိ​သည်​ကို​တွေ့​ရ​၏။-

7. တံ​ခါး​၏​အ​လွန်​တွင်​လမ်း​ကြား​တစ်​ခု​ရှိ​၏။ ထို​လမ်း​၏​ဝဲ​ယာ​တွင်​အ​စောင့်​တပ်​သား​များ​အ​တွက် အ​ခန်း​သုံး​ခန်း​စီ​ရှိ​၏။ ထို​အ​ခန်း​တိုင်း​ပင်​စ​တု​ရန်း​ပုံ​သဏ္ဌာန်​ရှိ​၍​နံ​ရံ​တစ်​ခု​လျှင်​ဆယ်​ပေ​ရှည်​၏။ အ​ခန်း​တစ်​ခု​နှင့်​တစ်​ခု​အ​ကြား​မှ​နံ​ရံ​သည်​ထု​ရှစ်​ပေ​ရှိ​၏။ ဤ​အ​ခန်း​များ​အ​လွန်​၌​ဆယ်​ပေ​ရှည်​သော​လမ်း​ကြား​တစ်​ခု​ရှိ​၏။ ထို​လမ်း​သည်​ဗိ​မာန်​တော်​ကို​မျက်​နှာ​မူ​လျက်​နေ​သည့်​အ​ခန်း​ကြီး​တစ်​ခု​သို့​သွား​ရာ​လမ်း​ဖြစ်​၏။-

29-30. ထို​မုခ်​ပေါက်​ရှိ​အ​စောင့်​တပ်​သား​တို့​၏​အ​ခန်း​များ၊ အ​ဝင်​ခန်း​နှင့်​အ​တွင်း​နံ​ရံ​များ​သည်​အ​ခြား​မုခ်​ပေါက်​များ​မှာ​ကဲ့​သို့​ပင်​ဖြစ်​၏။ ဤ​မုခ်​ပေါက်​ရှိ​အ​ခန်း​များ​၌​လည်း​ပြူ​တင်း​ပေါက်​များ​ရှိ​၏။ စု​စု​ပေါင်း​အ​လျား​ရှစ်​ဆယ့်​ငါး​ပေ၊ အ​နံ​လေး​ဆယ့်​နှစ်​ပေ​ရှိ​၏။-

31. ယင်း​တွင်​တံ​တိုင်း​အ​ပြင်​ဝင်း​သို့​မျက်​နှာ​မူ​နေ​သော​အ​ဝင်​ခန်း​ရှိ​၏။ မုခ်​ပေါက်​လမ်း​ကြား​တစ်​လျှောက်​ရှိ​နံ​ရံ​များ​တွင်​စွန်​ပ​လွံ​ပင်​ပုံ​များ​ထွင်း​ထား​၏။ ဤ​မုခ်​ပေါက်​သို့​လှေ​ကား​ရှစ်​ထစ်​ဖြင့်​တက်​ရ​၏။

32. ထို​လူ​သည်​အ​ရှေ့​မုခ်​ပေါက်​ကို​ဖြတ်​၍ ငါ့​အား​တံ​တိုင်း​အ​တွင်း​ဝင်း​ထဲ​သို့​ခေါ်​ဆောင်​သွား​၏။ သူ​သည်​မုခ်​ပေါက်​ကို​တိုင်း​တာ​၍ ကြည့်​ရာ​အ​ခြား​မုခ်​ပေါက်​များ​၏​ပ​မာ​ဏ​အ​တိုင်း​ပင်​တွေ့​ရ​၏။-

33. ယင်း​မုခ်​ပေါက်​ရှိ​အ​စောင့်​တပ်​သား​တို့​၏​အ​ခန်း​များ၊ အ​ဝင်​ခန်း​နှင့်​အ​တွင်း​နံ​ရံ​များ​သည် အ​ခြား​မုခ်​ပေါက်​များ​မှာ​ကဲ့​သို့​ပင်​အ​တိုင်း​အ​တာ​ရှိ​ကြ​၏။ မုခ်​ပေါက်​ပတ်​လည်​နှင့်​အ​ဝင်​ခန်း​၌​ပြူ​တင်း​ပေါက်​များ​ရှိ​၏။ စု​စု​ပေါင်း​အ​လျား​ရှစ်​ဆယ့်​ငါး​ပေ၊ အ​နံ​လေး​ဆယ့်​နှစ်​ပေ​ရှိ​၏။-

34. အ​ဝင်​ခန်း​သည်​တံ​တိုင်း​အ​ပြင်​ဝင်း​သို့​မျက်​နှာ​မူ​၍​နေ​၏။ မုခ်​ပေါက်​လမ်း​ကြား​တစ်​လျှောက်​ရှိ​နံ​ရံ​များ​တွင် စွန်​ပ​လွံ​ပင်​ပုံ​များ​ကို​ထွင်း​ထား​၏။ မုခ်​ပေါက်​သို့​လှေ​ကား​ရှစ်​ထစ်​ဖြင့်​တက်​ရ​၏။

35. ထို​နောက်​ထို​လူ​သည်​ငါ့​အား​မြောက်​မုခ်​ပေါက်​သို့​ခေါ်​ဆောင်​သွား​၏။ သူ​သည်​ထို​မုခ်​ပေါက်​ကို​တိုင်း​တာ​ကြည့်​ရာ​အ​ခြား​မုခ်​ပေါက်​များ​နှင့်​အ​တူ​တူ​ပင်​ဖြစ်​ကြောင်း​တွေ့​ရ​၏။-

36. ယင်း​တွင်​အ​ခြား​မုခ်​ပေါက်​များ​မှာ​ကဲ့​သို့​အ​စောင့်​တပ်​သား​များ​အ​တွက်​အ​ခန်း​များ၊ လှ​ပ​စွာ​တန်​ဆာ​ဆင်​ထား​သည့်​အ​တွင်း​နံ​ရံ​များ၊ အဝင်​ခန်း​ပြူ​တင်း​ပေါက်​များ​ရှိ​၏။ စု​စု​ပေါင်း​အ​လျား​လေး​ရာ​ရှစ်​ဆယ့်​ငါး​ပေ၊ အ​နံ​လေး​ဆယ့်​နှစ်​ပေ​ရှိ​၏။-

37. အ​ဝင်​ခန်း​သည်​တံ​တိုင်း​အ​ပြင်​ဝင်း​သို့​မျက်​နှာ​မူ​၍​နေ​၏။ မုခ်​ဆောင်​လမ်း​ကြား​တစ်​လျှောက်​ရှိ​နံ​ရံ​များ​တွင်​စွန်​ပ​လွံ​ပင်​ပုံ​များ​ထွင်း​၍​ထား​၏။ မုခ်​ပေါက်​သို့​လှေ​ကား​ရှစ်​ထစ်​ဖြင့်​တက်​ရ​၏။

38. တံ​တိုင်း​အ​ပြင်​ဝင်း​အ​တွင်း​၌​မြောက်​ဘက်​အ​တွင်း​မုခ်​ပေါက်​နှင့်​ကပ်​၍​တည်​ဆောက်​ထား​သော​တိုး​ချဲ့​ဆောင်​ရှိ​၏။ ထို​အ​ဆောက်​အ​အုံ​မှ​နေ​၍​တံ​တိုင်း​အ​ပြင်​ဝင်း​သို့​မျက်​နှာ​မူ​လျက်​ရှိ​သည့်​အ​ဝင်​ခန်း​ကို​ဝင်​နိုင်​၏။ ဤ​အ​ဆောက်​အ​အုံ​သည်​တစ်​တောင်​လုံး​မီး​ရှို့​ပူ​ဇော်​မည့်​ယဇ်​ကောင်​များ​ကို​ဆေး​ကြော​ရာ​ဖြစ်​၏။-

39. အ​ဝင်​ခန်း​၏​အ​တွင်း​၌​တစ်​ဖက်​တစ်​ချက်​တွင်​စား​ပွဲ​နှစ်​လုံး​စီ​ရှိ​၏။ တစ်​ကောင်​လုံး​မီး​ရှို့​ပူ​ဇော်​ရန်​နှင့်​အ​ပြစ်​ဖြေ​ရာ​ယဇ်၊ ဒု​စ​ရိုက်​ဖြေ​ရာ​ယဇ်​များ​အ​တွက်၊ တိ​ရစ္ဆာန်​များ​ကို​ဤ​စား​ပွဲ​များ​ပေါ်​တွင်​တင်​၍​သတ်​ရ​ကြ​၏။-

40. အ​ခန်း​၏​အ​ပြင်​ဘက်​၌​လည်း​မြောက်​မုခ်​ပေါက်​တစ်​ဘက်​တစ်​ချက်​တွင်​စား​ပွဲ​နှစ်​လုံး​စီ​ရှိ​သဖြင့်​စု​စု​ပေါင်း​လေး​လုံး​ရှိ​၏။-

41. သို့​ဖြစ်​၍​တိ​ရစ္ဆာန်​များ​ကို​သတ်​ရန်​အ​ခန်း​ထဲ​၌​စား​ပွဲ​လေး​လုံး၊ အ​ပြင်​၌​လေး​လုံး၊ စု​စု​ပေါင်း​ရှစ်​လုံး​ရှိ​သ​တည်း။-

42. တိုး​ချဲ့​ဆောင်​တွင်​တစ်​ကောင်​လုံး​မီး​ရှို့​ပူ​ဇော်​ရာ​ယဇ်​ကောင်​များ​ကို​ပြင်​ဆင်​ရန်​စား​ပွဲ​လေး​လုံး​မှာ​ကျောက်​ကို​ဆစ်​၍​ပြု​လုပ်​ထား​လေ​သည်။ ထို​စား​ပွဲ​များ​သည်​အ​လျား​တူ​အ​နံ​တူ​လက်​မ​သုံး​ဆယ်​စီ​ရှိ​၍ လက်​မ​နှစ်​ဆယ်​မြင့်​၏။ ယင်း​တို့​အ​ပေါ်​တွင်​ယဇ်​ကောင်​များ​ကို​သတ်​ရန်​ကိ​ရိ​ယာ​တန်​ဆာ​များ​ကို​တင်​ထား​၏။-

ယေ​ဇ​ကျေ​လ 40