25. ဤမုခ်ပေါက်မှအခန်းများတွင် အခြားမုခ်ပေါက်များမှအဆောင်များမှာကဲ့သို့ပင်ပြူတင်းပေါက်များရှိ၏။ မုခ်ပေါက်-သည်စုစုပေါင်းအလျားရှစ်ဆယ့်ငါးပေ၊ အနံလေးဆယ့်နှစ်ပေရှိ၏။-
26. ယင်းကိုလှေကားခုနစ်ထစ်ဖြင့်တက်ရ၏။ ထိုမုခ်ပေါက်၏အဝင်ခန်းသည်လည်းအပြင်ဝင်းကိုမျက်နှာမူ၍နေ၏။ လမ်းကြားကိုမျက်နှာမူလျက်ရှိသည့်အတွင်းနံရံများတွင် စွန်ပလွံပင်ပုံများကိုထွင်းထား၏။-
27. ဤအရပ်၌လည်းတံတိုင်းအတွင်းဝင်းသို့ဝင်ရာမုခ်ပေါက်တစ်ခုရှိ၏။ ထိုသူသည်ဤမုခ်ပေါက်နှင့်ပထမမုခ်ပေါက်အကွာအဝေးကိုတိုင်းတာကြည့်ရာ ပေတစ်ရာခုနစ်ဆယ်ရှိသည်ကိုတွေ့ရ၏။
28. ထိုသူသည်တောင်မုခ်ပေါက်ကိုဖြတ်၍ ငါ့အားတံတိုင်းအတွင်းဝင်းထဲသို့ခေါ်ဆောင်သွား၏။ သူသည်မုခ်ပေါက်ကိုတိုင်းတာကြည့်ရာအခြားမုခ်ပေါက်များ၏ပမာဏအတိုင်းပင်တွေ့ရ၏။-
29-30. ထိုမုခ်ပေါက်ရှိအစောင့်တပ်သားတို့၏အခန်းများ၊ အဝင်ခန်းနှင့်အတွင်းနံရံများသည်အခြားမုခ်ပေါက်များမှာကဲ့သို့ပင်ဖြစ်၏။ ဤမုခ်ပေါက်ရှိအခန်းများ၌လည်းပြူတင်းပေါက်များရှိ၏။ စုစုပေါင်းအလျားရှစ်ဆယ့်ငါးပေ၊ အနံလေးဆယ့်နှစ်ပေရှိ၏။-
31. ယင်းတွင်တံတိုင်းအပြင်ဝင်းသို့မျက်နှာမူနေသောအဝင်ခန်းရှိ၏။ မုခ်ပေါက်လမ်းကြားတစ်လျှောက်ရှိနံရံများတွင်စွန်ပလွံပင်ပုံများထွင်းထား၏။ ဤမုခ်ပေါက်သို့လှေကားရှစ်ထစ်ဖြင့်တက်ရ၏။
32. ထိုလူသည်အရှေ့မုခ်ပေါက်ကိုဖြတ်၍ ငါ့အားတံတိုင်းအတွင်းဝင်းထဲသို့ခေါ်ဆောင်သွား၏။ သူသည်မုခ်ပေါက်ကိုတိုင်းတာ၍ ကြည့်ရာအခြားမုခ်ပေါက်များ၏ပမာဏအတိုင်းပင်တွေ့ရ၏။-
33. ယင်းမုခ်ပေါက်ရှိအစောင့်တပ်သားတို့၏အခန်းများ၊ အဝင်ခန်းနှင့်အတွင်းနံရံများသည် အခြားမုခ်ပေါက်များမှာကဲ့သို့ပင်အတိုင်းအတာရှိကြ၏။ မုခ်ပေါက်ပတ်လည်နှင့်အဝင်ခန်း၌ပြူတင်းပေါက်များရှိ၏။ စုစုပေါင်းအလျားရှစ်ဆယ့်ငါးပေ၊ အနံလေးဆယ့်နှစ်ပေရှိ၏။-
34. အဝင်ခန်းသည်တံတိုင်းအပြင်ဝင်းသို့မျက်နှာမူ၍နေ၏။ မုခ်ပေါက်လမ်းကြားတစ်လျှောက်ရှိနံရံများတွင် စွန်ပလွံပင်ပုံများကိုထွင်းထား၏။ မုခ်ပေါက်သို့လှေကားရှစ်ထစ်ဖြင့်တက်ရ၏။
35. ထိုနောက်ထိုလူသည်ငါ့အားမြောက်မုခ်ပေါက်သို့ခေါ်ဆောင်သွား၏။ သူသည်ထိုမုခ်ပေါက်ကိုတိုင်းတာကြည့်ရာအခြားမုခ်ပေါက်များနှင့်အတူတူပင်ဖြစ်ကြောင်းတွေ့ရ၏။-
36. ယင်းတွင်အခြားမုခ်ပေါက်များမှာကဲ့သို့အစောင့်တပ်သားများအတွက်အခန်းများ၊ လှပစွာတန်ဆာဆင်ထားသည့်အတွင်းနံရံများ၊ အဝင်ခန်းပြူတင်းပေါက်များရှိ၏။ စုစုပေါင်းအလျားလေးရာရှစ်ဆယ့်ငါးပေ၊ အနံလေးဆယ့်နှစ်ပေရှိ၏။-
37. အဝင်ခန်းသည်တံတိုင်းအပြင်ဝင်းသို့မျက်နှာမူ၍နေ၏။ မုခ်ဆောင်လမ်းကြားတစ်လျှောက်ရှိနံရံများတွင်စွန်ပလွံပင်ပုံများထွင်း၍ထား၏။ မုခ်ပေါက်သို့လှေကားရှစ်ထစ်ဖြင့်တက်ရ၏။
38. တံတိုင်းအပြင်ဝင်းအတွင်း၌မြောက်ဘက်အတွင်းမုခ်ပေါက်နှင့်ကပ်၍တည်ဆောက်ထားသောတိုးချဲ့ဆောင်ရှိ၏။ ထိုအဆောက်အအုံမှနေ၍တံတိုင်းအပြင်ဝင်းသို့မျက်နှာမူလျက်ရှိသည့်အဝင်ခန်းကိုဝင်နိုင်၏။ ဤအဆောက်အအုံသည်တစ်တောင်လုံးမီးရှို့ပူဇော်မည့်ယဇ်ကောင်များကိုဆေးကြောရာဖြစ်၏။-
39. အဝင်ခန်း၏အတွင်း၌တစ်ဖက်တစ်ချက်တွင်စားပွဲနှစ်လုံးစီရှိ၏။ တစ်ကောင်လုံးမီးရှို့ပူဇော်ရန်နှင့်အပြစ်ဖြေရာယဇ်၊ ဒုစရိုက်ဖြေရာယဇ်များအတွက်၊ တိရစ္ဆာန်များကိုဤစားပွဲများပေါ်တွင်တင်၍သတ်ရကြ၏။-
40. အခန်း၏အပြင်ဘက်၌လည်းမြောက်မုခ်ပေါက်တစ်ဘက်တစ်ချက်တွင်စားပွဲနှစ်လုံးစီရှိသဖြင့်စုစုပေါင်းလေးလုံးရှိ၏။-