ယေ​ဇ​ကျေ​လ 40:1-17-18 Common Language Bible (BCL)

1. နေ့​ရက်​ကား​ငါ​တို့​ပြည်​နှင်​ဒဏ်​ခံ​ရ​ပြီး​နောက်​နှစ်​ဆယ့်​ငါး​နှစ်​မြောက်၊ ပ​ထ​မ​လ၊ လ​ဆန်း​ဆယ်​ရက်​နေ့၊ ယေ​ရု​ရှ​လင်​မြို့​အ​သိမ်း​ခံ​ရ​ချိန်​တစ်​ဆယ့်​လေး​နှစ်​စေ့​သော​နေ့​ဖြစ်​၏။ ထို​နေ့​၌​ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​၏​တန်​ခိုး​တော်​လွှမ်း​မိုး​ခြင်း​ခံ​ရ​ပြီး​လျှင် ကိုယ်​တော်​သည်​ငါ့​အား​ဆောင်​ယူ​သွား​တော်​မူ​၏။-

10. (မုခ်​ပေါက်​လမ်း​ကြား​၏​ဝဲ​ယာ​တွင်​ရှိ​သော​အ​စောင့်​တပ်​သား​တို့​၏​အ​ခန်း​သုံး​ခန်း​စီ​သည် အ​ရွယ်​ပ​မာ​ဏ​ချင်း​တူ​ညီ​ကြ​၏။ ယင်း​တို့​ကို​ပိုင်း​ခြား​ထား​သည့်​နံ​ရံ​များ​သည်​လည်း​ထု​ချင်း​တူ​ညီ​ကြ​၏။)

11. ထို​နောက်​သူ​သည်​ကြား​လမ်း​၏​အ​နံ​ကို​တိုင်း​ကြည့်​ရာ စု​စု​ပေါင်း​နှစ်​ဆယ့်​နှစ်​ပေ​ရှိ​သည်​ကို​တွေ့​ရ​၏။ မုခ်​ပေါက်​လမ်း​တစ်​လျှောက်​လုံး​ကား​တစ်​ဆယ့်​ခြောက်​ပေ​ရှိ​သ​တည်း။-

12. အ​စောင့်​တပ်​သား​တို့​၏​အ​ခန်း​တစ်​ခု​စီ​ရှေ့​တွင်​အ​မြင့်​လက်​မ​နှစ်​ဆယ်၊ အ​ကျယ်​လက်​မ​နှစ်​ဆယ်​ရှိ​သော​တံ​တိုင်း​ရှိ​၏။ (ထို​အ​ခန်း​တို့​သည်​အ​လျား​ဆယ်​ပေ၊ အ​နံ​ဆယ်​ပေ​ရှိ​သ​တည်း။-)

13. ထို​နောက်​ထို​လူ​သည်​အ​ခန်း​ငယ်​တစ်​ခု​၏​နောက်​ဘက်​နံ​ရံ​မှ​မုခ်​ပေါက်​လမ်း​ကို​ဖြတ်​၍ အ​စွန်း​အ​ခန်း​ငယ်​နောက်​ဘက်​နံ​ရံ​အ​ထိ​တိုင်း​တာ​ရာ​လေး​ဆယ့်​နှစ်​ပေ​ရှိ​သည်​ကို​တွေ့​ရ​၏။-

14. အ​စွန်း​ဆုံး​၌​ရှိ​သော​အ​ခန်း​မှ​ထွက်​လျှင် တံ​တိုင်း​အ​တွင်း​ရှိ​ဗိ​မာန်​တော်​အ​ပြင်​ဘက်​သို့​ရောက်​ရှိ​လေ​သည်။ ထို​အ​ခန်း​ကို​တိုင်း​ထွာ​၍​ကြည့်​ရာ​သုံး​ဆယ့်​လေး​ပေ​ကျယ်​သည်​ကို​တွေ့​ရ​၏။-

15. မုခ်​ပေါက်​ဝ​မှ​နေ​၍​အ​စွန်​ဆုံး​အ​ခန်း​အ​ထိ စု​စု​ပေါင်း​ရှစ်​ဆယ့်​ငါး​ပေ​ရှိ​သ​တည်း။-

16. အ​ခန်း​အား​လုံး​၏​အ​ပြင်​နံ​ရံ​တိုင်း၊ အ​တွင်း​နံ​ရံ​တိုင်း​တို့​၌​ပြူ​တင်း​ပေါက်​ငယ်​များ​ရှိ​၏။ လမ်း​ကြား​သို့​မျက်​နှာ​မူ​လျက်​နေ​သော​အ​တွင်း​နံ​ရံ​များ​တွင် စွန်​ပ​လွံ​ပင်​ပုံ​များ​ကို​ထွင်း​ထု​ထား​လေ​သည်။

17-18. ထို​လူ​သည်​ငါ့​အား​မုခ်​ပေါက်​ကို​ဖြတ်​၍​ဗိ​မာန်​တော်​အ​ပြင်​တံ​တိုင်း​ထဲ​သို့​ခေါ်​ဆောင်​သွား​၏။ အ​ပြင်​တံ​တိုင်း​ကို​ကပ်​၍​ဆောက်​လုပ်​ထား​သော​အ​ခန်း​ပေါင်း​သုံး​ဆယ်​ရှိ​၏။ ထို​အ​ခန်း​များ​၏​ရှေ့​တွင်​ကျောက်​များ​ခင်း​ထား​သော​အ​ကွက်​ရှိ​လေ​သည်။ တံ​တိုင်း​အ​ပြင်​၏​မြေ​မျက်​နှာ​ပြင်​သည်​တံ​တိုင်း​အ​တွင်း​ရှိ​မြေ​မျက်​နှာ​ပြင်​ထက်​နိမ့်​၏။

ယေ​ဇ​ကျေ​လ 40