9. ``ယခုသင်သည်ဂျုံဆန်နှစ်မျိုး၊ ပဲနှစ်မျိုး နှင့်ပြောင်းဆန်ကိုယူ၍ အိုးထဲတွင်ရောနှော ပြီးလျှင်မုန့်ကိုလုပ်လော့။ ထိုမုန့်ကားရက် ပေါင်းသုံးရာ့ကိုးဆယ်ပတ်လုံးဝဲဘက်သို့ စောင်း၍အိပ်နေချိန်၌သင်စားရန်ဖြစ်၏။-
10. သင်သည်တစ်ရက်လျှင်မုန့်ရှစ်အောင်စမျှ စားနိုင်ခွင့်ရှိ၏။-
11. ရေကိုလည်းအတိုင်းအတာနှင့်တစ်ရက်လျှင် နှစ်ခွက်သာသောက်ရမည်။-
12. သင်သည်လူ၏မစင်ခြောက်ဖြင့်မီးမွှေး၍ ရသောမီးကျီးခဲပေါ်တွင် မုန့်ကိုဖုတ်ကာ လူမြင်ကွင်း၌စားရမည်'' ဟုမိန့်တော်မူ၏။
13. ထာဝရဘုရားက``ငါသည်ဣသရေလ အမျိုးသားတို့အား တစ်ပါးနိုင်ငံများသို့ ပြန့်လွင့်စေသောအခါ သူတို့သည်ပညတ် တရားကတားမြစ်ထားသည့် မသန့်စင် သောအစားအစာများကိုဤသို့စားရ ကြလိမ့်မည်'' ဟုမိန့်တော်မူ၏။
14. သို့ရာတွင်``အရှင်ထာဝရဘုရား၊ ကျွန်တော် မျိုးသည်အဘယ်အခါ၌မျှ မိမိကိုယ်ကို မညစ်ညမ်းစေခဲ့ဘူးပါ။ ကလေးအရွယ်မှ စ၍အဘယ်အခါ၌မျှ အလိုအလျောက် သေသောတိရစ္ဆာန်၏အသားကိုသော်လည်း ကောင်း၊ သားရဲများကိုက်၍သေသည့်တိရစ္ဆာန် ၏အသားကိုသော်လည်းကောင်း မစားခဲ့ ဘူးပါ။ ကျွန်တော်မျိုးသည်မသန့်စင်ဟု ယူဆသည့်အစားအစာကိုအဘယ်အခါ ၌မျှမစားခဲ့ဘူးပါ'' ဟုလျှောက်၏။
15. သို့ဖြစ်၍ဘုရားသခင်က``လူ၏မစင် အစားနွားချေးကိုသုံးရန်သင့်အားငါ ခွင့်ပြုမည်။ သင်၏မုန့်ကိုနွားချေးနှင့်မွှေး သောမီးဖြင့်ဖုတ်နိုင်၏'' ဟုမိန့်တော်မူ၏။
16. ထိုနောက်ကိုယ်တော်က``အချင်းလူသား၊ ငါသည်ယေရုရှလင်မြို့တွင်ရိက္ခာပြတ် စေမည်။ ထိုမြို့မှလူတို့သည်စိုးရိမ်ပူပန် ကြလျက်မိမိတို့၏အစာရေစာတို့ကို ချိန်တွယ်၍စားသောက်ရကြလိမ့်မည်။-
17. သူတို့သည်အစာရေစာပြတ်လျက်နေ သဖြင့်အချင်းချင်းတွေ့မြင်သောအခါ စိတ်ပျက်အားလျော့ကာမိမိတို့၏အပြစ် များကြောင့်ပိန်ကြုံသွားကြလိမ့်မည်'' ဟု မိန့်တော်မူ၏။