9. ``ယခုသင်သည်ဂျုံဆန်နှစ်မျိုး၊ ပဲနှစ်မျိုး နှင့်ပြောင်းဆန်ကိုယူ၍ အိုးထဲတွင်ရောနှော ပြီးလျှင်မုန့်ကိုလုပ်လော့။ ထိုမုန့်ကားရက် ပေါင်းသုံးရာ့ကိုးဆယ်ပတ်လုံးဝဲဘက်သို့ စောင်း၍အိပ်နေချိန်၌သင်စားရန်ဖြစ်၏။-
10. သင်သည်တစ်ရက်လျှင်မုန့်ရှစ်အောင်စမျှ စားနိုင်ခွင့်ရှိ၏။-
11. ရေကိုလည်းအတိုင်းအတာနှင့်တစ်ရက်လျှင် နှစ်ခွက်သာသောက်ရမည်။-
12. သင်သည်လူ၏မစင်ခြောက်ဖြင့်မီးမွှေး၍ ရသောမီးကျီးခဲပေါ်တွင် မုန့်ကိုဖုတ်ကာ လူမြင်ကွင်း၌စားရမည်'' ဟုမိန့်တော်မူ၏။
13. ထာဝရဘုရားက``ငါသည်ဣသရေလ အမျိုးသားတို့အား တစ်ပါးနိုင်ငံများသို့ ပြန့်လွင့်စေသောအခါ သူတို့သည်ပညတ် တရားကတားမြစ်ထားသည့် မသန့်စင် သောအစားအစာများကိုဤသို့စားရ ကြလိမ့်မည်'' ဟုမိန့်တော်မူ၏။