1. ထို့နောက်``အချင်းလူသား၊ အုတ်တစ်ချပ်ကို ယူ၍သင်၏ရှေ့တွင်ထားပြီးလျှင် ယေရုရှ လင်မြို့ပုံကိုအုတ်ပေါ်တွင်ရေးဆွဲလော့။-
2. ထိုနောက်ထိုမြို့အားရန်သူဝိုင်းရံထားပုံကို သရုပ်ဆောင်ရန် မြောင်း၊ မြေကတုတ်များ၊ စစ် စခန်းများနှင့်ခံတပ်ဖြိုသည့်တုံးမောင်း များကိုမြို့ပတ်လည်၌နေရာချထားလော့။-
3. သံပြားတစ်ချပ်ကိုလည်းယူ၍မြို့နှင့်သင် ၏စပ်ကြားတွင်တံတိုင်းသဖွယ်ထောင်၍ ထားလော့။ သင်သည်မြို့ဘက်သို့မျက်နှာမူ လော့။ မြို့သည်ဝိုင်းရံခြင်းကိုခံလျက်ရှိ၏။ သင်သည်မြို့ကိုဝိုင်းရံသူဖြစ်၏။ ဤသည် ကားဣသရေလအမျိုးသားတို့အတွက် ပုဗ္ဗနိမိတ်ဖြစ်လိမ့်မည်။
4. ``သင်သည်လက်ဝဲဘက်သို့စောင်း၍အိပ်လော့။
5. ဣသရေလအမျိုးသားတို့၏အပြစ်ကို သင်၏အပေါ်သို့ငါတင်မည်။ သင်သည်ယင်း သို့အိပ်လျက်သူတို့၏အပြစ်ကိုခံရသည့် အနေဖြင့် ရက်ပေါင်းသုံးရာကိုးဆယ်တိုင်တိုင် နေရမည်။ အဘယ်ကြောင့်ဆိုသော်ထိုသူတို့ အပြစ်ဒဏ်ခံရမည့်နှစ်တစ်နှစ်လျှင်တစ်ရက် နှုန်းဖြင့်သင့်အားခံစေရန် ငါစီရင်ချက်ချ မှတ်ထားပြီဖြစ်သောကြောင့်တည်း။-