17. အရှင်ထာဝရဘုရားကငါ့အား``အချင်း လူသား၊ ပတ်ဝန်းကျင်အရပ်ရပ်မှငှက်များ နှင့်တိရစ္ဆာန်များအား သူတို့အတွက်ငါပြင် ဆင်ပေးမည့်ယဇ်ပူဇော်ပွဲသို့လာ၍စား သောက်ကြရန်ခေါ်ဖိတ်လော့။ ဣသရေလ တောင်ပေါ်မှကြီးမြတ်သောယဇ်ပူဇော်ပွဲ ကြီးဖြစ်၏။-
18. ထိုပွဲသည်ကြီးကျယ်သောစားသောက်ပွဲ ဖြစ်၍သူတို့သည် စစ်သူရဲတို့၏အသား ကိုစား၍ပြည်ရှင်မင်းတို့၏သွေးကိုသောက် ရကြလိမ့်မည်။ ထိုစစ်သူရဲများနှင့်ပြည် ရှင်မင်းတို့သည်ဘာရှန်ပြည်မှဆူဖြိုးသော တိရစ္ဆာန်များဖြစ်သည့် သိုးထီး၊ သိုးငယ်၊ ဆိတ် များ၊ နွားများကဲ့သို့အသတ်ခံရကြ လိမ့်မည်။-
19. ထိုသူတို့သည်ယင်းသို့ယဇ်ကောင်များ သဖွယ်အသတ်ခံရကြသောအခါ ငှက် နှင့်တိရစ္ဆာန်များသည်အဆီကိုဝစွာစား ၍သွေးကိုမူးယစ်သည့်တိုင်အောင်သောက် ရကြလိမ့်မည်။-
20. ငါပြင်ဆင်သောစားပွဲတွင်သူတို့သည် မြင်းများနှင့်မြင်းစီးသူရဲများ၊ တပ်မ တော်သားများနှင့်စစ်ပွဲဝင်သူတို့၏အ သားကိုစားရကြလိမ့်မည်။ ဤကားငါ အရှင်ထာဝရဘုရားမြွက်ဟတော်မူ သောစကားဖြစ်၏'' ဟုမိန့်တော်မူ၏။