ယေ​ဇ​ကျေ​လ 38:9-17 Common Language Bible (BCL)

9. သူ​နှင့်​စစ်​သည်​ဗိုလ်​ခြေ​တို့​သည်​လည်း​ကောင်း၊ သူ​နှင့်​အ​တူ​လိုက်​ပါ​လာ​သည့်​လူ​မျိုး​တ​ကာ တို့​သည်​လည်း​ကောင်း၊ ထို​ပြည်​ကို​မုန်​တိုင်း သ​ဖွယ်​တိုက်​ခိုက်​ကာ​မိုး​တိမ်​သ​ဖွယ်​လွှမ်း​မိုး ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။

10. အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​က​ဂေါ​ဂ​အား``ထို အ​ချိန်​ကျ​ရောက်​သော​အ​ခါ​သင်​သည် ဆိုး​ညစ်​သော​အ​ကြံ​အ​စည်​တစ်​ခု​ကို ပြု​လိမ့်​မည်။-

11. ခို​ကိုး​ရာ​မဲ့​ဖြစ်​၍​နေ​သော​တိုင်း​ပြည်​တစ် ပြည်​ကို​ချင်း​နင်း​ဝင်​ရောက်​ရန်​စိတ်​ပိုင်း​ဖြတ် လိမ့်​မည်။ ထို​ပြည်​မှ​လူ​တို့​သည်​တံ​တိုင်း အ​ကာ​အ​ရံ​မ​ရှိ​သည့်​မြို့​များ​တွင်​အေး ချမ်း​စွာ​နေ​ထိုင်​ကြ​သူ​များ​ဖြစ်​ကြ​၏။-

12. သင်​သည်​အ​ခါ​တစ်​ပါး​က​ယို​ယွင်း​ပျက်​စီး ခဲ့​သော​မြို့​များ​တွင်​နေ​ထိုင်​လျက်​ရှိ​သူ​တို့ အား တိုက်​ခိုက်​လု​ယူ​ရန်​ကြံ​စည်​လိမ့်​မည်။ သူ တို့​သည်​ကား​လူ​မျိုး​တ​ကာ​တို့​ထံ​မှ​ငါ​ပြန် လည်​စု​သိမ်း​ထား​သူ​များ​ဖြစ်​ကြ​၏။ သူ​တို့ သည်​ယ​ခု​အ​ခါ​၌​တိ​ရစ္ဆာန်​များ​နှင့်​ဥစ္စာ ပစ္စည်း​များ​ပိုင်​လျက် ကမ္ဘာ့​လမ်း​ဆုံ​ဒေ​သ များ​တွင်​နေ​ထိုင်​ကြ​လေ​သည်။-

13. ရှေ​ဘ​ပြည်​နှင့်​ဒေ​ဒန်​ပြည်​မှ​ပြည်​သား များ၊ တာ​ရှု​ပြည်​မြို့​များ​မှ​ကုန်​သည်​တို့ က`သင်​သည် ရွှေ​ငွေ​နှင့်​သိုး၊ နွား၊ ပစ္စည်း​ဥစ္စာ များ​ကို​လု​ယူ​ကာ​တိုက်​ရာ​ပါ​ပစ္စည်း​ရှိ သ​မျှ​တို့​ကို​ယူ​ဆောင်​သွား​ရန်​စစ်​သည် ဗိုလ်​ခြေ​တို့​ကို​စု​ရုံး​လာ​ပါ​သ​လော' ဟု သင့်​အား​မေး​ကြ​လိမ့်​မည်'' ဟု​မိန့်​တော် မူ​၏။

16. ငါ​၏​လူ​မျိုး​တော်​ဣ​သ​ရေ​လ​အ​မျိုး​သား တို့​အား​မုန်​တိုင်း​သ​ဖွယ်​စစ်​ဆင်​တိုက်​ခိုက် လိမ့်​မည်။ အ​သင်​ဂေါ​ဂ​အ​ချိန်​ကျ​သော အ​ခါ​ငါ​၏​ပြည်​ကို​တိုက်​ခိုက်​စေ​ရန် သင့် အား​စေ​လွှတ်​မည်။ ဤ​နည်း​အား​ဖြင့်​ငါ သည်​အ​ဘယ်​သူ​ဖြစ်​ကြောင်း​လူ​မျိုး​တ​ကာ တို့​အား​သိ​ရှိ​စေ​လိမ့်​မည်။ သင့်​ကို​ငါ​ပြု စေ​သော​အ​မှု​များ​အား​ဖြင့်​လည်း ငါ​၏ သန့်​ရှင်း​မြင့်​မြတ်​သော​နာ​မ​တော်​ကို ပေါ်​လွင်​စေ​လိမ့်​မည်။-

17. နောင်​အ​ခါ​၌​ငါ​သည်​ဣ​သ​ရေ​လ​ပြည် ကို​တိုက်​ခိုက်​ရန်​အ​တွက်​လူ​တစ်​ဦး​ကို​စေ လွှတ်​မည်​ဟု​လွန်​လေ​ပြီး​သော​အ​ခါ​က ပ​ရော​ဖက်​များ​မှ​တစ်​ဆင့်​ငါ​မြွက်​ကြား​ရာ ၌​သင့်​ကို​ရည်​စူး​၍​မိန့်​တော်​မူ​ကြောင်း​ဂေါ​ဂ အား​ပြော​ကြား​လော့၊ ထို​အ​ချိန်​က​ပ​ရော ဖက်​များ​က ငါ​သည်​သင့်​ကို​သူ​တို့​အား တိုက်​ခိုက်​စေ​မည်​ဟု​နှစ်​ပေါင်း​ကြာ​ရှည်​စွာ ဟော​ပြော​ခဲ့​သည်'' ဟု​မိန့်​တော်​မူ​၏။ ဤ ကား​ထာ​ဝရ​ဘု​ရား​သ​ခင်​မိန့်​တော်​မူ သော​စ​ကား​ဖြစ်​၏။

ယေ​ဇ​ကျေ​လ 38