4. ငါသည်သူ့အားလှည့်စေ၍သူ၏ပါးရိုးကို သံချိတ်များဖြင့်ချိတ်ကာ သူ၏စစ်သူရဲ များနှင့်အတူဆွဲခေါ်သွားမည်။ သူ၏တပ် မတော်သည်မြင်းများ၊ ဝတ်စုံတူမြင်းစီး သူရဲများဖြင့်ပြည့်စုံ၍အလွန်ပင်ကြီး မား၏။ စစ်သူရဲမှန်သမျှသည်လည်းဒိုင်း လွှားကြီးငယ်နှင့်ဋ္ဌားကိုကိုင်ဆောင်ထား ကြ၏။-
5. ပါရှပြည်သား၊ ကုရှပြည်သားနှင့်ဖုတ ပြည်သားတို့သည်သူနှင့်အတူလိုက်ပါ လာကြ၏။ သူတို့အားလုံးပင်ဒိုင်းလွှား များကိုကိုင်ဆောင်ကာသံခမောက်များ ကိုဆောင်းထားကြ၏။-
6. ဂေါမာပြည်မြောက်ဘက်တွင်ရှိသောတော ဂါမပြည်နှင့်အခြားတိုင်းပြည်များမှ၊ စစ်သည်တပ်သားအပေါင်းတို့သည်သူ နှင့်အတူလိုက်ပါလာကြ၏။-
7. သူ့အားမိမိကိုယ်ကိုအသင့်ရှိနေစေရန် နှင့် မိမိ၏စစ်သည်တပ်သားအပေါင်းတို့ အားအဆင်သင့်ရှိနေစေရန်မှာကြား လော့။-