ယေ​ဇ​ကျေ​လ 38:1-5 Common Language Bible (BCL)

1. ထာ​ဝ​ရ​ဘု​ရား​၏​နှုတ်​က​ပတ်​တော်​သည် ငါ့​ထံ​သို့​ရောက်​လာ​၏။-

2. ကိုယ်​တော်​က``အ​ချင်း​လူ​သား၊ မာ​ဂေါ​ဂ​ပြည်၊ မေ​ရှက်​နှင့်​တု​ဗ​လ​လူ​မျိုး​တို့​၏​အ​ကြီး​ဆုံး ဖြစ်​သော​အုပ်​စိုး​သူ​ဂေါ​ဂ​မင်း​အား​ရှုတ်​ချ​၍၊-

3. ငါ​အ​ရှင်​ထာ​ဝရ​ဘု​ရား​သည်​မေ​ရှက်​နှင့် တု​ဗ​လ​လူ​မျိုး​တို့​၏​အ​ကြီး​ဆုံး​ဖြစ်​သူ ဂေါ​ဂ​မင်း​၏​ရန်​သူ​ဖြစ်​ကြောင်း​ဆင့်​ဆို လော့။-

4. ငါ​သည်​သူ့​အား​လှည့်​စေ​၍​သူ​၏​ပါး​ရိုး​ကို သံ​ချိတ်​များ​ဖြင့်​ချိတ်​ကာ သူ​၏​စစ်​သူ​ရဲ များ​နှင့်​အ​တူ​ဆွဲ​ခေါ်​သွား​မည်။ သူ​၏​တပ် မ​တော်​သည်​မြင်း​များ၊ ဝတ်​စုံ​တူ​မြင်း​စီး သူ​ရဲ​များ​ဖြင့်​ပြည့်​စုံ​၍​အ​လွန်​ပင်​ကြီး မား​၏။ စစ်​သူ​ရဲ​မှန်​သ​မျှ​သည်​လည်း​ဒိုင်း လွှား​ကြီး​ငယ်​နှင့်​ဋ္ဌား​ကို​ကိုင်​ဆောင်​ထား ကြ​၏။-

5. ပါ​ရှ​ပြည်​သား၊ ကု​ရှ​ပြည်​သား​နှင့်​ဖု​တ ပြည်​သား​တို့​သည်​သူ​နှင့်​အ​တူ​လိုက်​ပါ လာ​ကြ​၏။ သူ​တို့​အား​လုံး​ပင်​ဒိုင်း​လွှား များ​ကို​ကိုင်​ဆောင်​ကာ​သံ​ခ​မောက်​များ ကို​ဆောင်း​ထား​ကြ​၏။-

14-15. သို့​ဖြစ်​၍​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည်​ငါ့ အား​ဂေါ​ဂ​ထံ​သို့​စေ​လွှတ်​တော်​မူ​၍``ငါ​၏ လူ​မျိုး​တော်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ အေး​ချမ်း​စွာ​နေ​ထိုင်​လျက်​ရှိ​စဉ် သင်​သည် မိ​မိ​နေ​ထိုင်​ရာ​မြောက်​မျက်​နှာ​စွန်း​မှ​ချီ လာ​လိမ့်​မည်။ လူ​မျိုး​တ​ကာ​ပါ​ဝင်​၍​အင် အား​ကြီး​မား​သော​မြင်း​စီး​သူ​ရဲ​တပ် အ​လုံး​အ​ရင်း​နှင့်​ချီ​တက်​ကာ၊-

ယေ​ဇ​ကျေ​လ 38