1. ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ငါ့ထံသို့ရောက်လာ၏။-
2. ကိုယ်တော်က``အချင်းလူသား၊ မာဂေါဂပြည်၊ မေရှက်နှင့်တုဗလလူမျိုးတို့၏အကြီးဆုံး ဖြစ်သောအုပ်စိုးသူဂေါဂမင်းအားရှုတ်ချ၍၊-
3. ငါအရှင်ထာဝရဘုရားသည်မေရှက်နှင့် တုဗလလူမျိုးတို့၏အကြီးဆုံးဖြစ်သူ ဂေါဂမင်း၏ရန်သူဖြစ်ကြောင်းဆင့်ဆို လော့။-
14-15. သို့ဖြစ်၍အရှင်ထာဝရဘုရားသည်ငါ့ အားဂေါဂထံသို့စေလွှတ်တော်မူ၍``ငါ၏ လူမျိုးတော်ဣသရေလအမျိုးသားတို့ အေးချမ်းစွာနေထိုင်လျက်ရှိစဉ် သင်သည် မိမိနေထိုင်ရာမြောက်မျက်နှာစွန်းမှချီ လာလိမ့်မည်။ လူမျိုးတကာပါဝင်၍အင် အားကြီးမားသောမြင်းစီးသူရဲတပ် အလုံးအရင်းနှင့်ချီတက်ကာ၊-