ယေ​ဇ​ကျေ​လ 36:4-16 Common Language Bible (BCL)

4. သို့​ဖြစ်​၍​ဣ​သ​ရေ​လ​တောင်​တို့၊ အ​ရှင်​ထာ​ဝ​ရ ဘု​ရား​၏​အ​မိန့်​ကို​နား​ထောင်​ကြ​လော့။ ပတ်​ဝန်း ကျင်​တိုင်း​ပြည်​များ​၏​တိုက်​ခိုက်​လု​ယက်​မှု၊ ပြက်​ရယ်​ပြု​မှု​တို့​ကို​ခံ​ရ​ကာ​လူ​သူ​ဆိတ် ငြိမ်​ရာ​မြို့​များ၊ ယို​ယွင်း​ပျက်​စီး​နေ​သည့် အ​ရပ်​များ၊ တောင်​များ၊ ချောင်း​များ၊ ချိုင့်​ဝှမ်း များ​အား​ဤ​သို့​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​၏။

5. ``ငါ​အ​ရှင်​ထာ​ဝရ​ဘု​ရား​သည်​ပတ်​ဝန်း ကျင်​တိုင်း​ပြည်​တို့​နှင့် ဧ​ဒုံ​ပြည်​အ​ပေါ်​၌ ဒေါ​သ​အ​မျက်​ချောင်း​ချောင်း​ထွက်​၍​မိန့် တော်​မူ​လေ​ပြီ။ သူ​တို့​သည်​ငါ​၏​ပြည် ကို​မ​ထီ​မဲ့​မြင်​ပြု​သော​စိတ်၊ ပီ​တိ​စိတ် ဖြင့်​စား​ကျက်​များ​နှင့်​တ​ကွ ငါ​၏​ပြည် ကို​သိမ်း​ယူ​ခဲ့​ကြ​၏။

6. ``သို့​ဖြစ်​၍​ဣ​သ​ရေ​လ​ပြည်​အား​ရည်​မှတ် ၍​ဟော​ပြော​လော့။ တောင်​များ၊ ကုန်း​မြင့်​များ၊ ချောင်း​များ​နှင့်​ချိုင့်​ဝှမ်း​များ​အား​လူ​မျိုး တ​ကာ​တို့​စော်​ကား​အ​ရှက်​ခွဲ​သ​ဖြင့် ငါ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​မ​နာ​လို​ဒေါ​သ ထွက်​၍ အ​ဘယ်​သို့​မိန့်​တော်​မူ​သည်​ကို ပြော​ကြား​လော့။-

7. ပတ်​ဝန်း​ကျင်​တိုင်း​ပြည်​များ​သည်​အ​ရှက် ကွဲ​ကြ​လိမ့်​မည်​ဖြစ်​ကြောင်း ငါ​အ​ရှင်​ထာ ဝရ​ဘု​ရား​အ​လေး​အ​နက်​ကျိန်​ဆို​၏။-

8. သို့​ရာ​တွင်​ဣ​သ​ရေ​လ​တောင်​များ​၌​မူ​ကား သစ်​ပင်​တို့​သည်​အ​ရွက်​များ​ပြန်​၍​ထွက်​လာ ပြီး​လျှင် ငါ​၏​လူ​မျိုး​တော်​ဖြစ်​သော​အ​သင် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အ​တွက်​အ​သီး များ​သီး​ကြ​လိမ့်​မည်။ သင်​တို့​သည်​မ​ကြာ​မီ မိ​မိ​တို့​ပြည်​သို့​ပြန်​ရ​ကြ​အံ့။-

9. ငါ​သည်​သင်​တို့​ကို​ဂ​ရု​စိုက်​၍​သင်​တို့​ဘက် ၌​ရှိ​၏။ သင်​တို့​၏​လယ်​ယာ​များ​ကို ဧ​ကန် မု​ချ​ထွန်​ယက်​စိုက်​ပျိုး​လုပ်​ကိုင်​စေ​မည်။-

10. သင်​တို့​ဣ​သ​ရေ​လ​လူ​မျိုး​တစ်​စု​လုံး ကို လူ​ဦး​ရေ​တိုး​ပွား​စေ​မည်။ သင်​တို့​သည် မြို့​များ​၌​နေ​ထိုင်​ရ​လိမ့်​မည်။ ယို​ယွင်း​ပျက် စီး​နေ​သ​မျှ​သော​အ​ရာ​တို့​ကို​ပြန်​လည် ပြု​ပြင်​ရ​လိမ့်​မည်။-

11. ငါ​သည်​လူ​တိ​ရစ္ဆာန်​တို့​ကို​တိုး​ပွား​များ ပြား​စေ​မည်။ ယ​ခင်​အ​ခါ​များ​ထက်​သင် တို့​ဦး​ရေ​ကို​များ​စေ​မည်။ သင်​တို့​သား​သ​မီး များ​စွာ​ထွန်း​ကား​လိမ့်​မည်။ ယ​ခင်​က​ကဲ့​သို့ နေ​ထိုင်​ခွင့်​ပေး​မည်။ ယ​ခင်​အ​ခါ​များ​ထက် ပို​၍​ကြီး​ပွား​ချမ်း​သာ​စေ​မည်။ ထို​အ​ခါ ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​တော်​မူ ကြောင်း​သင်​တို့​သိ​ရှိ​ကြ​လိမ့်​မည်။-

12. ငါ​၏​လူ​မျိုး​တော်​ဖြစ်​သော​ဣ​သ​ရေ​လ အ​မျိုး​သား​တို့ ငါ​သည်​သင်​တို့​အား​ပြည် တော်​တွင်​တစ်​ဖန်​နေ​ထိုင်​နိုင်​ကြ​စေ​ရန်​ငါ ခေါ်​ဆောင်​ခဲ့​မည်။ ထို​ပြည်​သည်​သင်​တို့​ပိုင် သော​ပြည်​ဖြစ်​လိမ့်​မည်။ ယင်း​သည်​သင်​တို့ ၏​သား​သ​မီး​များ​အား နောင်​အ​ဘယ် အ​ခါ​၌​မျှ​မ​ဆုံး​ပါး​စေ​ရ။

13. ``ငါ​အ​ရှင်​ထာ​ဝရ​ဘု​ရား​မိန့်​တော်​မူ​သည် ကား​လူ​တို့​က ထို​ပြည်​သည်​လူ​တို့​ကို​ကိုက် စား​သည့်​ပြည်၊ ပြည်​သား​တို့​၏​သား​သ​မီး များ​ကို​ဆုံး​ပါး​စေ​သည့်​ပြည်​ဖြစ်​သည် ဆို​သည်​မှာ​မှန်​၏။-

14. သို့​ရာ​တွင်​ယင်း​ပြည်​သည်​ယ​ခု​မှ​စ​၍​လူ တို့​ကို​ကိုက်​စား​သည့်​ပြည်၊ သင်​တို့​၏​သား သ​မီး​များ​ကို​ဆုံး​ပါး​စေ​သည့်​ပြည်​ဖြစ် တော့​မည်​မ​ဟုတ်။ ဤ​ကား​ငါ​အ​ရှင်​ထာဝ​ရ ဘု​ရား​မိန့်​တော်​မူ​သော​စ​ကား​ဖြစ်​၏။-

15. ထို​ပြည်​သည်​လူ​မျိုး​တ​ကာ​တို့​ပြက်​ရယ် ပြု​သံ​ကို​ကြား​ရ​ကြ​တော့​မည်​မ​ဟုတ်။ မဲ့​ရွဲ့​ပြ​သည်​ကို​လည်း​တွေ့​မြင်​ရ​တော့​မည် မ​ဟုတ်။ ယင်း​ပြည်​ကို​လည်း​ကျ​ဆုံး​စေ​တော့ မည်​မ​ဟုတ်။ ဤ​ကား​ငါ​အ​ရှင်​ထာ​ဝ​ရ ဘု​ရား​မိန့်​တော်​မူ​သော​စ​ကား​ဖြစ်​၏'' ဟု​မိန့်​တော်​မူ​၏။

16. ထာ​ဝ​ရ​ဘု​ရား​၏​နှုတ်​က​ပတ်​တော်​သည် ငါ့​ထံ​သို့​ရောက်​လာ​၏။-

ယေ​ဇ​ကျေ​လ 36