27. ငါ၏ဝိညာဉ်တော်ကိုလည်းသွင်းပေးပြီး လျှင် သင်တို့အားငါ၏ပညတ်တော်များ ကိုစောင့်ထိန်းစေမည်။ ငါ၏အမိန့်တော် တို့ကိုလည်းလိုက်နာစေမည်။-
28. ထိုအခါသင်တို့သည်မိမိတို့၏ဘိုးဘေး များအား ငါပေးအပ်ခဲ့သည့်ပြည်တွင်နေ ထိုင်ရကြလိမ့်မည်။ သင်တို့သည်ငါ၏လူ မျိုးတော်ဖြစ်၍ငါသည်လည်းသင်တို့၏ ဘုရားဖြစ်လိမ့်မည်။-
29. သင်တို့အားညစ်ညမ်းမှုရှိသမျှနှင့်ကင်း စင်စေမည်။ ငတ်မွတ်ခေါင်းပါးခြင်းဘေး ကိုနောက်တစ်ဖန်မတွေ့မကြုံရကြစေ ရန်ဆန်ရေစပါးပေါများစေမည်။-
30. ငါသည်သစ်သီးဝလံများနှင့်ကောက်ပဲ သီးနှံများကိုအထွက်တိုးစေမည်။ ဤ နည်းအားဖြင့်လူမျိုးတကာတို့တွင်သင် တို့ကိုအသရေပျက်စေသည့်အစာငတ် မွတ်ခေါင်းပါးခြင်းကပ်သင့်တော့မည် မဟုတ်။-