24. ငါသည်သင်တို့အားအတိုင်းတိုင်းအပြည် ပြည်မှစုသိမ်းကာ သင်တို့နေရင်းပြည်သို့ ပြန်ခေါ်ခဲ့မည်။-
25. ငါသည်သင်တို့ကိုသန့်စင်သောရေဖြင့်ပက် ဖြန်း၍ သင်တို့၏ရုပ်တုများနှင့်အခြား ညစ်ညမ်းသည့်အရာရှိသမျှမှသန့်စင် သွားစေမည်။-
26. ငါသည်သင်တို့အားစိတ်သစ်သဘောသစ် ကိုပေးမည်။ သင်တို့အထဲမှကျောက်ခဲနှလုံး ကိုထုတ်ယူကာနာခံတတ်သောနှလုံးကို ပေးမည်။-
27. ငါ၏ဝိညာဉ်တော်ကိုလည်းသွင်းပေးပြီး လျှင် သင်တို့အားငါ၏ပညတ်တော်များ ကိုစောင့်ထိန်းစေမည်။ ငါ၏အမိန့်တော် တို့ကိုလည်းလိုက်နာစေမည်။-
28. ထိုအခါသင်တို့သည်မိမိတို့၏ဘိုးဘေး များအား ငါပေးအပ်ခဲ့သည့်ပြည်တွင်နေ ထိုင်ရကြလိမ့်မည်။ သင်တို့သည်ငါ၏လူ မျိုးတော်ဖြစ်၍ငါသည်လည်းသင်တို့၏ ဘုရားဖြစ်လိမ့်မည်။-
29. သင်တို့အားညစ်ညမ်းမှုရှိသမျှနှင့်ကင်း စင်စေမည်။ ငတ်မွတ်ခေါင်းပါးခြင်းဘေး ကိုနောက်တစ်ဖန်မတွေ့မကြုံရကြစေ ရန်ဆန်ရေစပါးပေါများစေမည်။-
30. ငါသည်သစ်သီးဝလံများနှင့်ကောက်ပဲ သီးနှံများကိုအထွက်တိုးစေမည်။ ဤ နည်းအားဖြင့်လူမျိုးတကာတို့တွင်သင် တို့ကိုအသရေပျက်စေသည့်အစာငတ် မွတ်ခေါင်းပါးခြင်းကပ်သင့်တော့မည် မဟုတ်။-
31. သင်တို့သည်မိမိတို့၏ညစ်ညမ်းသော အကျင့်များနှင့်ပြုခဲ့သည့်အမှားများ ကိုပြန်လည်သတိရကြလိမ့်မည်။ မိမိ တို့၏အပြစ်များနှင့်ဆိုးညစ်မှုများ အတွက်သင်တို့သည်မိမိကိုယ်ကိုစက် ဆုပ်လာကြလိမ့်မည်။-