12. ငါ၏လူမျိုးတော်ဖြစ်သောဣသရေလ အမျိုးသားတို့ ငါသည်သင်တို့အားပြည် တော်တွင်တစ်ဖန်နေထိုင်နိုင်ကြစေရန်ငါ ခေါ်ဆောင်ခဲ့မည်။ ထိုပြည်သည်သင်တို့ပိုင် သောပြည်ဖြစ်လိမ့်မည်။ ယင်းသည်သင်တို့ ၏သားသမီးများအား နောင်အဘယ် အခါ၌မျှမဆုံးပါးစေရ။
13. ``ငါအရှင်ထာဝရဘုရားမိန့်တော်မူသည် ကားလူတို့က ထိုပြည်သည်လူတို့ကိုကိုက် စားသည့်ပြည်၊ ပြည်သားတို့၏သားသမီး များကိုဆုံးပါးစေသည့်ပြည်ဖြစ်သည် ဆိုသည်မှာမှန်၏။-
14. သို့ရာတွင်ယင်းပြည်သည်ယခုမှစ၍လူ တို့ကိုကိုက်စားသည့်ပြည်၊ သင်တို့၏သား သမီးများကိုဆုံးပါးစေသည့်ပြည်ဖြစ် တော့မည်မဟုတ်။ ဤကားငါအရှင်ထာဝရ ဘုရားမိန့်တော်မူသောစကားဖြစ်၏။-
15. ထိုပြည်သည်လူမျိုးတကာတို့ပြက်ရယ် ပြုသံကိုကြားရကြတော့မည်မဟုတ်။ မဲ့ရွဲ့ပြသည်ကိုလည်းတွေ့မြင်ရတော့မည် မဟုတ်။ ယင်းပြည်ကိုလည်းကျဆုံးစေတော့ မည်မဟုတ်။ ဤကားငါအရှင်ထာဝရ ဘုရားမိန့်တော်မူသောစကားဖြစ်၏'' ဟုမိန့်တော်မူ၏။
16. ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ငါ့ထံသို့ရောက်လာ၏။-
17. ကိုယ်တော်က``အချင်းလူသား၊ ဣသရေလ အမျိုးသားတို့သည်မိမိတို့ပြည်၌နေထိုင် ကြစဉ်အခါက သူတို့သည်အနေအထိုင် အကျင့်အကြံများအားဖြင့်ထိုပြည်ကို ညစ်ညမ်းစေခဲ့ကြ၏။ သူတို့၏အကျင့် အကြံသည်အမျိုးသမီးတစ်ယောက်ဋ္ဌမ္မ တာရာသီလာချိန်၌ဘာသာရေးအရ ညစ်ညမ်းသကဲ့သို့ညစ်ညမ်းသည်ဟုငါ မှတ်တော်မူသည်။-
18. သူတို့သည်လူသတ်မှုများကူးလွန်၍ရုပ်တု များအားဖြင့် ထိုပြည်ကိုညစ်ညမ်းစေသော ကြောင့်ငါသည်သူတို့အားငါ၏အမျက် တော်ဒဏ်ကိုခံစေခဲ့၏။-
19. သူတို့နေထိုင်ကျင့်ကြံသည့်အတိုင်းသူတို့ အားပြစ်ဒဏ်ချမှတ်ကာ နိုင်ငံတကာသို့ကွဲ လွင့်စေ၍နိုင်ငံရပ်ခြားများသို့ပျံ့လွင့် စေခဲ့၏။-