ယေ​ဇ​ကျေ​လ 35:1-5 Common Language Bible (BCL)

1. ထာ​ဝ​ရ​ဘု​ရား​၏​နှုတ်​က​ပတ်​တော်​သည် ငါ့​ထံ​သို့​ရောက်​လာ​၏။-

2. ကိုယ်​တော်​က``စိ​ရ​တောင်​သို့​လှည့်​၍​ထို​ပြည် ကို​ရှုတ်​ချ​လော့။-

3. လူ​တို့​အား​ငါ​အ​ရှင်​ထာ​ဝရ​ဘု​ရား​အ​ဘယ် သို့​မိန့်​တော်​မူ​သည်​ကို​ဆင့်​ဆို​လော့။``စိ​ရ​တောင်​တို့၊ငါ​သည်​သင်​၏​ရန်​သူ​ဖြစ်​၏။ငါ​၏​လက်​ကို​ဆန့်​၍​ငါ​သည်​သင့်​အား​လူ​သူ ဆိတ်​ငြိမ်​ရာ​မြေ​ရိုင်း​ဒေ​သ​ဖြစ်​စေ​မည်။

4. သင်​၏​မြို့​တို့​ကို​ယို​ယွင်း​ပျက်​စီး​စေ​၍ သင့်​ကို လူ​သူ​ဆိတ်​ငြိမ်​ရာ​အ​ရပ်​ဖြစ်​စေ​မည်။ထို​အ​ခါ​ငါ​သည်​ထာ​ဝရ​ဘု​ရား​ဖြစ်​တော်​မူ ကြောင်း သင်​သိ​ရှိ​လိမ့်​မည်။''

5. ``သင်​သည်​ဣသ​ရေ​လ​ပြည်​အား​အ​စဉ်​ရန် ငြိုး​ဖွဲ့​၏။ ထို​ပြည်​သည်​မိ​မိ​၏​ဒု​စ​ရိုက်​များ ကြောင့်​အ​ပြစ်​ဒဏ်​သင့်​၍ ဘေး​အန္တ​ရာယ်​ရောက် သော​အ​ခါ​သင်​သည်​ထို​ပြည်​သူ​တို့​အား သတ်​ဖြတ်​စေ​ခဲ့​၏။-

ယေ​ဇ​ကျေ​လ 35