25. သူတို့၏လုံခြုံရေးကိုစိတ်ချရစေရန်ငါ သည်သူတို့နှင့်ပဋိညာဉ်ပြုတော်မူမည်။ ကြောက်မက်ဖွယ်ကောင်းသည့်သားရဲတိရစ္ဆာန် အပေါင်းကိုပြည်တွင်းမှဖယ်ရှားပစ်မည်။ သို့မှသာလျှင်ငါ၏သိုးတို့သည်ဘေးမဲ့ လုံခြုံစွာတောကန္တာရများ၌နေရကြ ၍ တောများတွင်အိပ်ရကြလိမ့်မည်။
26. ``ငါသည်သူတို့အားကောင်းချီးပေး၍ ငါ၏ သန့်ရှင်းမြင့်မြတ်သည့်တောင်တော်ပတ်လည် တွင်နေစေမည်။ အချိန်တန်သောအခါ ကောင်းချီးမိုးရေကိုကျစေမည်။-
27. သစ်ပင်များသည်အသီးသီးကြလျက်လယ် ပြင်တို့သည် အသီးအနှံထွက်ကြလိမ့်မည်။ လူ အပေါင်းတို့သည်မိမိတို့ပြည်တွင်ဘေးမဲ့ လုံခြုံစွာနေထိုင်ရကြလိမ့်မည်။ ငါသည်မိမိ လူမျိုးတော်အားချည်နှောင်ထားသောထမ်း ပိုးများကိုဖြတ်တောက်၍ သူတို့အားကျွန် ဘဝမှလွတ်မြောက်စေသောအခါ ငါသည် ထာဝရဘုရားဖြစ်တော်မူကြောင်းသူတို့ သိရှိကြလိမ့်မည်။-
28. လူမျိုးတကာတို့သည်သူတို့အားနောင် အဘယ်အခါ၌မျှ လုယက်တိုက်ခိုက်ကြ တော့မည်မဟုတ်။ သားရဲတိရစ္ဆာန်များသည် လည်းသူတို့အားသတ်ဖြတ်ကိုက်စားကြ တော့မည်မဟုတ်။ သူတို့ဘေးမဲ့လုံခြုံစွာ နေထိုင်ရကြလိမ့်မည်။ သူတို့အားအဘယ် သူမျှထိတ်လန့်တုန်လှုပ်စေကြလိမ့်မည် မဟုတ်။-
29. ငါသည်သူတို့အားမြေသြဇာကောင်း သည့်လယ်ယာများကိုပေး၍ ပြည်တွင်း၌ ငတ်မွတ်ခေါင်းပါးခြင်းဘေးနှင့်ကင်းဝေး စေမည်။ အခြားလူမျိုးများသည်လည်း သူတို့အားအဘယ်အခါမျှပြောင်လှောင် ကြတော့မည်မဟုတ်။-
30. သူတို့၏ဘုရားသခင်ငါထာဝရဘုရား သည် ဣသရေလအမျိုးသားတို့အားကာ ကွယ်လျက်ရှိကြောင်း၊ သူတို့သည်ငါ၏လူ မျိုးတော်ဖြစ်ကြကြောင်းလူတိုင်းပင်သိရှိ ကြလိမ့်မည်။ ဤကားငါအရှင်ထာဝရ ဘုရားမိန့်တော်မူသောစကားဖြစ်၏။