14. တောင်ပေါ်မြက်ခင်းများ၊ ဣသရေလပြည် စိမ်းလန်းသောစားကျက်များတွင်ကျက်စား စေမည်။ ကောင်းသောစားကျက်များတွင်လဲ လျောင်းစေ၍ စိမ်းလန်းသောစားကျက်များ တွင်ကျက်စားစေမည်။-
15. ငါကိုယ်တိုင်မိမိ၏သိုးများကိုထိန်းကျောင်း ၍ သူတို့အိပ်နားစရာအရပ်များကိုရှာ၍ ပေးမည်။ ဤကားငါအရှင်ထာဝရဘုရား မိန့်တော်မူသောစကားဖြစ်၏။
16. ``ငါသည်ပျောက်သောသိုးများကိုရှာ၍ လမ်းမှားသောသိုးတို့ကိုပြန်လည်ခေါ်ခဲ့ မည်။ ဒဏ်ရာရသောသိုးများကိုအဝတ် နှင့်စည်းကာဖျားနာသောသိုးတို့ကိုဆေး ကုပေးမည်။ သို့ရာတွင်ဝဖြိုးသန်မာသော သိုးတို့ကိုပယ်ရှားမည်။ အဘယ်ကြောင့်ဆို သော်ငါသည်မှန်ရာကိုပြုလုပ်တတ်သည့် သိုးထိန်းဖြစ်သောကြောင့်တည်း။
17. ``သို့ဖြစ်၍ ငါ၏သိုးစု၊ ငါအရှင်ထာဝရ ဘုရားမိန့်တော်မူသည်ကားငါသည်သင် တို့အသီးသီးအားတရားစီရင်မည်။ ကောင်း သူဆိုးသူတည်းဟူသောသိုးနှင့်ဆိတ်ကို ခွဲခြားသတ်မှတ်မည်။-
18. သင်တို့အချို့သည်မြက်အကောင်းဆုံးကို စားရကြသော်လည်းကျေနပ်မှုမရှိ။ မိမိ တို့မစားသည့်မြက်များကိုခြေဖြင့်နင်း ကြပါသည်တကား။ သင်တို့သည်ရေကြည် ကိုသောက်၍သင်တို့မသောက်သည့်ရေကို နောက်ကျိအောင်ပြုကြပါသည်တကား။-
19. ငါ၏အခြားသိုးတို့သည်သင်တို့ခြေဖြင့် နင်း၍ထားသည့်မြက်ကိုစားလျက် သင်တို့ နောက်ကျိစေသည့်ရေကိုသောက်ကြ၏။
20. ``သို့ဖြစ်၍ငါအရှင်ထာဝရဘုရားသင်တို့ အားမိန့်တော်မူသည်ကား ငါသည်သင်တို့ သိုးဝများနှင့်သိုးပိန်များအမှုကိုတရား စီရင်မည်။-
21. သင်တို့သည်ဖျားနာနေသောသိုးတို့ကို ဘေးသို့တွန်းဖယ်ကာ သိုးအုပ်ထဲမှချို နှင့်ဝှေ့ထုတ်ကြ၏။-
22. သို့ရာတွင်ငါ၏သိုးတို့အားနောက်တစ်ဖန် နှိပ်စက်ညှဉ်းဆဲခြင်းကိုခံစေတော့မည်မ ဟုတ်။ ငါသည်ငါ၏သိုးတစ်ကောင်စီကို တရားစီရင်မည်။-