1. ထာဝရဘုရားနှုတ်ကပတ်တော်သည်ငါ့ထံ သို့ရောက်လာ၏။-
2. ကိုယ်တော်က``အချင်းလူသား၊ ဣသရေလ အမျိုးသားတို့၏သိုးထိန်းတို့အားရှုတ် ချလော့။ သူတို့အားငါအရှင်ထာဝရ ဘုရားထံတော်မှဗျာဒိတ်တော်ကိုဆင့်ဆို ရမည်မှာ အချင်းဣသရေလအမျိုးသား များ၏သိုးထိန်းတို့၊ သင်တို့သည်အမင်္ဂလာ ရှိကြ၏။ သင်တို့သည်မိမိတို့ကိုယ်ကို ကျွေးမွေးပြုစုကြသော်လည်းသိုးများ ကိုမူမစောင့်ထိန်းကြ။-
3. သင်တို့သည်သိုးနို့ကိုသောက်လျက်သိုးမွေး ထည်ကိုဝတ်ဆင်ပြီးလျှင် ဆူဖြိုးသောသိုး များကိုသတ်၍စားကြ၏။ သို့ရာတွင်သိုး တို့ကိုမူအဘယ်အခါ၌မျှမစောင့်ထိန်း ကြ။-
11-12. ``သင်တို့အားငါအရှင်ထာဝရဘုရားမိန့် တော်မူသည်ကား ကစဥ့်ကရဲဖြစ်ပြီးနောက် ပြန်လည်စုသိမ်းရရှိသည့်သိုးတို့ကိုသိုး ထိန်းသည်စောင့်ထိန်းကြည့်ရှုသကဲ့သို့ ငါ သည်မိမိ၏သိုးတို့ကိုလိုက်လံရှာဖွေကာ စောင့်ထိန်းကြည့်ရှုမည်။ မိုးအမှောင်ကျသည့် နေ့ရက်၌သူတို့ကစဥ့်ကရဲဖြစ်၍သွား ရာအရပ်ရပ်မှငါသည်သူတို့အားပြန် လည်ခေါ်ခဲ့မည်။-