6. သို့ရာတွင်အကယ်၍ကင်းစောင့်သည်ရန်သူ လာသည်ကိုမြင်လျက်နှင့် အချက်ပေးတံပိုး ခရာကိုမမှုတ်ဘဲနေခဲ့သော် ရန်သူလွန်လာ ၍တစ်စုံတစ်ယောက်သတ်ဖြတ်ခံရလျှင်ထို သူသည်မိမိအပြစ်ကြောင့်သေရသော်လည်း ထိုသို့သေဆုံးသူ၏သွေးအတွက်ကင်းစောင့် မှာတာဝန်ရှိစေမည်။''
7. ``အချင်းလူသား၊ ယခုငါသည်သင့်အား ဣသရေလအမျိုးသားတို့အတွက် ကင်း စောင့်အဖြစ်ဖြင့်ခန့်ထားမည်။ သင်သည်ငါ ၏သတိပေးချက်များကိုသူတို့အား ဆင့်ဆိုရမည်။-
8. အကယ်၍ငါကဆိုးယုတ်သူတစ်စုံတစ် ယောက်အားသေရလိမ့်မည်ဟုဆိုလျှင် သင် သည်ထိုသူအသက်မသေစေရန်သူ၏ အပြုအမူပြောင်းလဲဖို့သတိပေးရမည်။ မပေးဘဲနေပါမူသူသည်အပြစ်ကူး လွန်သူအဖြစ်ဖြင့်ပင်သေလိမ့်မည်။ ထို အခါငါသည်ထိုသေဆုံးသူ၏သွေး အတွက်သင့်မှာတာဝန်ရှိစေမည်။-
9. အကယ်၍သင်သည်ဆိုးယုတ်သူအားသတိ ပေးသော်လည်း သူသည်ဒုစရိုက်ကိုပြုမြဲ ပြုကာအပြစ်ကူးလွန်သူအဖြစ်ဖြင့်ပင် လျှင်သေသည်ဆိုပါမူ သင်၏အသက်ချမ်း သာရာရလိမ့်မည်''ဟုမိန့်တော်မူ၏။
10. ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ငါ့ထံသို့ရောက်လာ၏။ ကိုယ်တော်က``အချင်း လူသား'' ``ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာသင်တို့က`ငါတို့သည်မိမိ တို့အပြစ်များ၊ မိမိတို့ပြုသောအမှားများ ဖြင့်ဝန်လေးပင်ပန်းလျက်ရှိကြ၏။ ငါတို့ သည်အားလျော့နွမ်းနယ်လျက်နေကြ၏။ အဘယ်သို့လျှင်ငါတို့အသက်ရှင်နိုင် ကြပါမည်နည်း' ဟုဆိုကြ၏။-
11. ငါအရှင်ထာဝရဘုရားသည်အသက်ရှင် တော်မူသောဘုရားဖြစ်တော်မူသည်နှင့် အညီ ငါမိန့်တော်မူသည်ကားအပြစ်ကူး လွန်သူတစ်စုံတစ်ယောက်သေသည်ကိုမ မြင်လို ထိုသူအပြစ်ကူးလွန်မှုကိုရပ်စဲ ၍အသက်ရှင်သည်ကိုသာလျှင်တွေ့မြင် လိုသည်။ အချင်းဣသရေလအမျိုးသား တို့၊ သင်တို့ပြုလျက်ရှိသည့်အပြစ်ဒု စရိုက်ကိုရပ်စဲကြလော့။ ရပ်စဲသောသင် တို့သည်အဘယ်ကြောင့်သေချင်ကြ သနည်း။
12. ``အချင်းလူသား၊ သူတော်ကောင်းအပြစ် ကူးလွန်သောအခါသူပြုခဲ့သောကောင်း မှုများကသူ့ကိုကယ်လိမ့်မည်မဟုတ် ကြောင်း ဣသရေလအမျိုးသားတို့အား ပြောကြားလော့။ အကယ်၍ဆိုးညစ်သူ သည်မိမိ၏ဆိုးညစ်မှုကိုရပ်စဲလိုက်ပါ မူသူသည်အပြစ်ဒဏ်ကိုခံရတော့မည် မဟုတ်။ သူတော်ကောင်းသည်အပြစ်ကူး လွန်သောအခါသူသည်အသက်ချမ်း သာရာရမည်မဟုတ်။-
13. ငါသည်သူတော်ကောင်းအားအသက်ရှင်စေ မည်ဟုကတိပေးထားသော်လည်း သူသည် မိမိပြုခဲ့သောကောင်းမှုကိုအားကိုးကာ အပြစ်စ၍ကူးလွန်သည်ဆိုပါမူ ငါသည် သူပြုခဲ့သောအဘယ်ကောင်းမှုကိုမျှသတိ ရလိမ့်မည်မဟုတ်။ သူသည်မိမိ၏အပြစ် ကြောင့်သေရမည်ဖြစ်၏။-
14. အကယ်၍ငါသည်ဆိုးယုတ်သူအားသေရ လိမ့်မည်ဟုသတိပေးသဖြင့် သူသည်မိမိ ၏အပြစ်ဒုစရိုက်ကိုရပ်စဲကာမှန်ရာ ကောင်းရာကိုပြုကျင့်လျှင်၊-
15. ဥပမာအားဖြင့်မိမိအပေါင်ခံထားသည့် ပစ္စည်း၊ ခိုးဝှက်ထားသည့်ဥစ္စာတို့ကိုပြန်၍ ပေးအပ်ပြီးလျှင်အပြစ်ကူးလွန်မှုကို ရပ်စဲကာအသက်ရှင်စေတတ်သောပြဋ္ဌာန်း ချက်တို့ကိုစောင့်ထိန်းသည်ဆိုအံ့၊ ထိုသူ သည်မသေဘဲအသက်ရှင်လိမ့်မည်။-
16. သူကူးလွန်ခဲ့သည့်အပြစ်များကိုလည်း ငါသည်ဖြေလွှတ်မည်။ မှန်ရာကောင်းရာကို ပြုကျင့်သည့်အတွက်သူသည်အသက်ရှင် လိမ့်မည်။
17. ``သို့ရာတွင်သင်၏အမျိုးသားချင်းတို့က ထာဝရဘုရားသည် ဖြောင့်မတ်စွာမစီရင် ဟုဆိုကြ၏။ သူတို့သာလျှင်ဖြောင့်မတ် စွာမပြုကြ။-
18. သူတော်ကောင်းသည်ကောင်းမှုကိုရပ်စဲ၍ မကောင်းမှုကိုပြုသောအခါ ထိုမကောင်း မှုအတွက်သူသည်သေရလိမ့်မည်။-
19. ဆိုးယုတ်သူသည်အပြစ်ဒုစရိုက်ကိုစွန့် လွှတ်၍မှန်ရာကောင်းရာကိုပြုကျင့်သော အခါ အသက်ရှင်ခွင့်ကိုရရှိလိမ့်မည်။-
20. သို့ရာတွင်အချင်းဣသရေလအမျိုး သားတို့၊ သင်တို့ကထာဝရဘုရားပြု သောအမှုသည်မဖြောင့်မတ်ဟုဆိုကြ ၏။ ငါသည်သင်တို့ပြုသောအမှုကိုထောက် ၍ သင်တို့အားတရားစီရင်မည်'' ဟုမိန့် တော်မူ၏။