ယေ​ဇ​ကျေ​လ 33:3-17 Common Language Bible (BCL)

3. သူ​သည်​ရန်​သူ​ချဉ်း​ကပ်​လာ​သည်​ကို​မြင် လျှင် လူ​အ​ပေါင်း​တို့​အား​တံ​ပိုး​ခ​ရာ​မှုတ် ၍​အ​ချက်​ပေး​ရ​၏။-

4. အ​ကယ်​၍​တစ်​စုံ​တစ်​ယောက်​သော​သူ​သည် ယင်း​သို့​အ​ချက်​ပေး​သံ​ကို​ကြား​လျက်​နှင့် ဂ​ရု​မ​စိုက်​ဘဲ​နေ​ပါ​မူ​ရန်​သူ​သည်​လာ ၍​သူ့​ကို​ဋ္ဌား​ဘေး​သင့်​စေ​လျှင် ထို​သူ​အ​သက် ဆုံး​ရှုံး​ရ​မှု​သည်​သူ​၏​အ​ပြစ်​ပင်​ဖြစ်​၍ သူ့ သွေး​သည်​သူ​၏​ခေါင်း​ပေါ်​ရောက်​လေ​ပြီ။-

5. သူ​သေ​ရ​သည်​မှာ​သူ​၏​ချို့​ယွင်း​မှု​ကြောင့် သူ့​သွေး​သည်​သူ​၏​ခေါင်း​ပေါ်​ရောက်​ရ​ပေ မည်​ဖြစ်​၏။ အ​ဘယ်​ကြောင့်​ဆို​သော်​သူ​သည် သ​တိ​ပေး​ချက်​ကို​ဂ​ရု​မ​စိုက်​ခဲ့​သော ကြောင့်​ဖြစ်​၏။ အ​ကယ်​၍​ဂ​ရု​စိုက်​မည် ဆို​ပါ​က​သူ​သည်​သေ​ဘေး​မှ​လွတ် မြောက်​နိုင်​၏။-

6. သို့​ရာ​တွင်​အ​ကယ်​၍​ကင်း​စောင့်​သည်​ရန်​သူ လာ​သည်​ကို​မြင်​လျက်​နှင့် အ​ချက်​ပေး​တံ​ပိုး ခ​ရာ​ကို​မ​မှုတ်​ဘဲ​နေ​ခဲ့​သော် ရန်​သူ​လွန်​လာ ၍​တစ်​စုံ​တစ်​ယောက်​သတ်​ဖြတ်​ခံ​ရ​လျှင်​ထို သူ​သည်​မိ​မိ​အ​ပြစ်​ကြောင့်​သေ​ရ​သော်​လည်း ထို​သို့​သေ​ဆုံး​သူ​၏​သွေး​အ​တွက်​ကင်း​စောင့် မှာ​တာ​ဝန်​ရှိ​စေ​မည်။''

7. ``အ​ချင်း​လူ​သား၊ ယ​ခု​ငါ​သည်​သင့်​အား ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အ​တွက် ကင်း စောင့်​အ​ဖြစ်​ဖြင့်​ခန့်​ထား​မည်။ သင်​သည်​ငါ ၏​သ​တိ​ပေး​ချက်​များ​ကို​သူ​တို့​အား ဆင့်​ဆို​ရ​မည်။-

8. အ​ကယ်​၍​ငါ​က​ဆိုး​ယုတ်​သူ​တစ်​စုံ​တစ် ယောက်​အား​သေ​ရ​လိမ့်​မည်​ဟု​ဆို​လျှင် သင် သည်​ထို​သူ​အ​သက်​မ​သေ​စေ​ရန်​သူ​၏ အ​ပြု​အ​မူ​ပြောင်း​လဲ​ဖို့​သ​တိ​ပေး​ရ​မည်။ မ​ပေး​ဘဲ​နေ​ပါ​မူ​သူ​သည်​အ​ပြစ်​ကူး လွန်​သူ​အ​ဖြစ်​ဖြင့်​ပင်​သေ​လိမ့်​မည်။ ထို အ​ခါ​ငါ​သည်​ထို​သေ​ဆုံး​သူ​၏​သွေး အ​တွက်​သင့်​မှာ​တာ​ဝန်​ရှိ​စေ​မည်။-

9. အ​ကယ်​၍​သင်​သည်​ဆိုး​ယုတ်​သူ​အား​သ​တိ ပေး​သော်​လည်း သူ​သည်​ဒု​စ​ရိုက်​ကို​ပြု​မြဲ ပြု​ကာ​အ​ပြစ်​ကူး​လွန်​သူ​အ​ဖြစ်​ဖြင့်​ပင် လျှင်​သေ​သည်​ဆို​ပါ​မူ သင်​၏​အ​သက်​ချမ်း သာ​ရာ​ရ​လိမ့်​မည်''ဟု​မိန့်​တော်​မူ​၏။

10. ထာ​ဝ​ရ​ဘု​ရား​၏​နှုတ်​က​ပတ်​တော်​သည် ငါ့​ထံ​သို့​ရောက်​လာ​၏။ ကိုယ်​တော်​က``အ​ချင်း လူ​သား'' ``ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ဆင့်​ဆို​ရ​မည်​မှာ​သင်​တို့​က`ငါ​တို့​သည်​မိ​မိ တို့​အ​ပြစ်​များ၊ မိ​မိ​တို့​ပြု​သော​အ​မှား​များ ဖြင့်​ဝန်​လေး​ပင်​ပန်း​လျက်​ရှိ​ကြ​၏။ ငါ​တို့ သည်​အား​လျော့​နွမ်း​နယ်​လျက်​နေ​ကြ​၏။ အ​ဘယ်​သို့​လျှင်​ငါ​တို့​အ​သက်​ရှင်​နိုင် ကြ​ပါ​မည်​နည်း' ဟု​ဆို​ကြ​၏။-

11. ငါ​အ​ရှင်​ထာ​ဝရ​ဘု​ရား​သည်​အ​သက်​ရှင် တော်​မူ​သော​ဘု​ရား​ဖြစ်​တော်​မူ​သည်​နှင့် အ​ညီ ငါ​မိန့်​တော်​မူ​သည်​ကား​အ​ပြစ်​ကူး လွန်​သူ​တစ်​စုံ​တစ်​ယောက်​သေ​သည်​ကို​မ မြင်​လို ထို​သူ​အ​ပြစ်​ကူး​လွန်​မှု​ကို​ရပ်​စဲ ၍​အ​သက်​ရှင်​သည်​ကို​သာ​လျှင်​တွေ့​မြင် လို​သည်။ အ​ချင်း​ဣ​သ​ရေ​လ​အ​မျိုး​သား တို့၊ သင်​တို့​ပြု​လျက်​ရှိ​သည့်​အ​ပြစ်​ဒု စ​ရိုက်​ကို​ရပ်​စဲ​ကြ​လော့။ ရပ်​စဲ​သော​သင် တို့​သည်​အ​ဘယ်​ကြောင့်​သေ​ချင်​ကြ သ​နည်း။

12. ``အ​ချင်း​လူ​သား၊ သူ​တော်​ကောင်း​အ​ပြစ် ကူး​လွန်​သော​အ​ခါ​သူ​ပြု​ခဲ့​သော​ကောင်း မှု​များ​က​သူ့​ကို​ကယ်​လိမ့်​မည်​မ​ဟုတ် ကြောင်း ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ပြော​ကြား​လော့။ အ​ကယ်​၍​ဆိုး​ညစ်​သူ သည်​မိ​မိ​၏​ဆိုး​ညစ်​မှု​ကို​ရပ်​စဲ​လိုက်​ပါ မူ​သူ​သည်​အ​ပြစ်​ဒဏ်​ကို​ခံ​ရ​တော့​မည် မ​ဟုတ်။ သူ​တော်​ကောင်း​သည်​အ​ပြစ်​ကူး လွန်​သော​အ​ခါ​သူ​သည်​အ​သက်​ချမ်း သာ​ရာ​ရ​မည်​မ​ဟုတ်။-

13. ငါ​သည်​သူ​တော်​ကောင်း​အား​အ​သက်​ရှင်​စေ မည်​ဟု​က​တိ​ပေး​ထား​သော်​လည်း သူ​သည် မိ​မိ​ပြု​ခဲ့​သော​ကောင်း​မှု​ကို​အား​ကိုး​ကာ အ​ပြစ်​စ​၍​ကူး​လွန်​သည်​ဆို​ပါ​မူ ငါ​သည် သူ​ပြု​ခဲ့​သော​အ​ဘယ်​ကောင်း​မှု​ကို​မျှ​သ​တိ ရ​လိမ့်​မည်​မ​ဟုတ်။ သူ​သည်​မိ​မိ​၏​အ​ပြစ် ကြောင့်​သေ​ရ​မည်​ဖြစ်​၏။-

14. အ​ကယ်​၍​ငါ​သည်​ဆိုး​ယုတ်​သူ​အား​သေ​ရ လိမ့်​မည်​ဟု​သ​တိ​ပေး​သ​ဖြင့် သူ​သည်​မိ​မိ ၏​အ​ပြစ်​ဒု​စ​ရိုက်​ကို​ရပ်​စဲ​ကာ​မှန်​ရာ ကောင်း​ရာ​ကို​ပြု​ကျင့်​လျှင်၊-

15. ဥ​ပ​မာ​အား​ဖြင့်​မိ​မိ​အ​ပေါင်​ခံ​ထား​သည့် ပစ္စည်း၊ ခိုး​ဝှက်​ထား​သည့်​ဥစ္စာ​တို့​ကို​ပြန်​၍ ပေး​အပ်​ပြီး​လျှင်​အ​ပြစ်​ကူး​လွန်​မှု​ကို ရပ်​စဲ​ကာ​အ​သက်​ရှင်​စေ​တတ်​သော​ပြ​ဋ္ဌာန်း ချက်​တို့​ကို​စောင့်​ထိန်း​သည်​ဆို​အံ့၊ ထို​သူ သည်​မ​သေ​ဘဲ​အ​သက်​ရှင်​လိမ့်​မည်။-

16. သူ​ကူး​လွန်​ခဲ့​သည့်​အ​ပြစ်​များ​ကို​လည်း ငါ​သည်​ဖြေ​လွှတ်​မည်။ မှန်​ရာ​ကောင်း​ရာ​ကို ပြု​ကျင့်​သည့်​အ​တွက်​သူ​သည်​အ​သက်​ရှင် လိမ့်​မည်။

17. ``သို့​ရာ​တွင်​သင်​၏​အ​မျိုး​သား​ချင်း​တို့​က ထာ​ဝ​ရ​ဘု​ရား​သည် ဖြောင့်​မတ်​စွာ​မ​စီ​ရင် ဟု​ဆို​ကြ​၏။ သူ​တို့​သာ​လျှင်​ဖြောင့်​မတ် စွာ​မ​ပြု​ကြ။-

ယေ​ဇ​ကျေ​လ 33