23. ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ငါ့ထံသို့ရောက်လာ၏။-
24. ကိုယ်တော်က``အချင်းလူသား၊ ဣသရေလ ပြည်ရှိပျက်စီးယိုယွင်းနေသောမြို့များတွင် နေထိုင်သူတို့က`အာဗြဟံသည်လူတစ်ဦး မျှသာဖြစ်သော်လည်းဤပြည်တစ်ပြည်လုံး ကိုအပိုင်ရရှိခဲ့၏။ ယခုငါတို့သည်ကား အရေအတွက်အားဖြင့်များသည်ဖြစ်၍ဤ ပြည်ကိုငါတို့အပိုင်ရကြပြီ' ဟုပြောဆို နေကြ၏။
25. ``သူတို့အားငါအရှင်ထာဝရဘုရားမိန့် တော်မူသည်ကား သင်တို့သည်အမဲသားနှင့် အတူသွေးကိုလည်းစားကြ၏။ ရုပ်တုများ ကိုဝတ်ပြုရှိခိုးကြ၏။ လူ၏အသက်ကို သတ်ကြ၏။ သို့ပါလျက်ဤပြည်ကိုသင်တို့ အပိုင်ရပြီဟုအဘယ်ကြောင့်ထင်မှတ် ကြသနည်း။-
26. သင်တို့သည်မိမိတို့၏ဋ္ဌားကိုအားကိုး ကြ၏။ သင်တို့အကျင့်များသည်လည်းစက် ဆုပ်ဖွယ်ကောင်း၏။ လူတိုင်းပင်သူတစ်ပါး ၏အိမ်ရာကိုပြစ်မှားကြ၏။ သို့ပါလျက် ဤပြည်ကိုသင်တို့အပိုင်ရပြီဟုအဘယ် ကြောင့်ထင်မှတ်ကြသနည်း။