2. ကိုယ်တော်က``အီဂျစ်ဘုရင်အားကြပ်တည်း စွာသတိပေးရမည်မှာသင်သည်လူမျိုး တကာတွင်ခြင်္သေ့ကဲ့သို့ပြုကျင့်တတ်သော် လည်း တဗွမ်းဗွမ်းဖြင့်မြစ်ထဲ၌လှုပ်ရှား သည့်မိချောင်းနှင့်ပို၍တူ၏။ သင်၏ခြေဖြင့် မြစ်ရေကိုနောက်ကျိစေရန်မွှေနှောက်၏။-
3. အရှင်ထာဝရဘုရားကလူမျိုးတကာ တို့တွေ့ဆုံစုဝေးကြသောအခါ ငါသည် သင့်အားပိုက်ကွန်ဖြင့်အုပ်၍ဖမ်းကာသူ တို့အားကမ်းသို့ဆွဲတင်စေမည်။-
4. ထိုနောက်ကုန်းပေါ်တွင်ချထားစေပြီး ကွင်း ပြင်ထဲသို့ဆွဲသွားမည်။ ကမ္ဘာပေါ်ရှိငှက် များနှင့်တိရစ္ဆာန်တို့၏အစာဖြစ်စေမည်။-
5. သင်၏ပုပ်ပျက်နေသောအလောင်းဖြင့် တောင်များ၊ ချိုင့်ဝှမ်းများကိုငါဖုံးလွှမ်းမည်။-
6. မြေကြီးကိုသင်၏သွေးနှင့်စိုစေမည်။ ထို သွေးသည်တောင်ထိပ်တိုင်အောင်စိုမည်။ မြစ် တို့သည်သင့်သွေးဖြင့်ပြည့်လျှံလိမ့်မည်။-
7. သင့်အားသုတ်သင်ဖျက်ဆီးချိန်၌ငါသည် မိုးကောင်းကင်ကိုဖုံးအုပ်ကွယ်ကာ၍ ကြယ် တာရာများကိုကွယ်ပျောက်စေမည်။ နေကို မိုးတိမ်များဖုံးအုပ်လိမ့်မည်။ လသည် လည်းအလင်းရောင်ပေးလိမ့်မည်မဟုတ်။-
8. ငါသည်မိုးကောင်းကင်မှအလင်းအိမ်ရှိ သမျှကိုကွယ်ပျောက်စေ၍သင့်ပြည်၌ အမှောင်ကျစေမည်။ ဤကားငါအရှင် ထာဝရဘုရားမိန့်တော်မူသောစကား ဖြစ်၏။
9. ``သင်အဘယ်အခါကမျှမကြားခဲ့ဘူး သည့်တိုင်းပြည်များသို့ သင်ပျက်စီးသည့် သတင်းကိုငါလွှင့်လိုက်သောအခါလူမျိုး တကာတို့သည်စိတ်ဒုက္ခရောက်ကြလိမ့်မည်။-
10. သင့်အားငါပြုသောအမှုကြောင့်သူတို့ သည်အံ့အားသင့်ကြလိမ့်မည်။ ငါသည်ဋ္ဌား ကိုဝှေ့ယမ်းလိုက်သောအခါရှင်ဘုရင် များသည်ထိတ်လန့်တုန်လှုပ်ကြလိမ့်မည်။ သင်ပြိုလဲသောနေ့၌သူတို့အားလုံးပင် မိမိတို့၏အသက်အန္တရာယ်အတွက်စိုး ရိမ်ပူပန်ကာ ထိတ်လန့်တုန်လှုပ်ကြလိမ့် မည်'' ဟုမိန့်တော်မူ၏။
11. အရှင်ထာဝရဘုရားကအီဂျစ်ဘုရင် အား``သင်သည်ဗာဗုလုန်ဘုရင်၏ဋ္ဌားကို ရင်ဆိုင်ရလိမ့်မည်။-
12. ငါသည်ရက်စက်သောလူမျိုးတို့၏စစ်သူရဲ တို့အားဋ္ဌားလက်နက်ကိုင်စွဲစေပြီးလျှင် သင် ၏ပြည်သားအပေါင်းကိုသတ်ဖြတ်စေမည်။ သင်၏လူအပေါင်းနှင့်သင်ဂုဏ်ယူဝါကြွား သမျှသောအရာတို့သည်ဖျက်ဆီးခြင်း ကိုခံရမည်။-
13. ငါသည်သင်၏တိရစ္ဆာန်များကိုသူတို့ရေ သောက်ရာအရပ်မှန်သမျှတို့တွင်သတ်ဖြတ် မည်။ ရေကိုနောက်စေမည့်လူနှင့်တိရစ္ဆာန်ရှိ တော့မည်မဟုတ်။-
14. ငါသည်သင်၏ရေတို့ကိုအနယ်ထိုင်၍ ကြည်လင်လာစေမည်။ သင်၏မြစ်များကို လည်းဆီကဲ့သို့ငြိမ်သက်စွာစီးစေမည်။ ဤ ကားငါအရှင်ထာဝရဘုရားမိန့်တော်မူ သောစကားဖြစ်၏။-
15. အီဂျစ်ပြည်ကိုလူသူဆိတ်ငြိမ်ရာအရပ် ဖြစ်စေ၍ ဥစ္စာပစ္စည်းရှိသမျှကိုဖျက်ဆီး၍ ထိုပြည်တွင်နေထိုင်ကြသူလူအပေါင်း အား သုတ်သင်ဖျက်ဆီးပစ်သောအခါငါ သည်ထာဝရဘုရားဖြစ်တော်မူကြောင်း သူတို့သိရှိကြလိမ့်မည်။-