1. ငါတို့ပြည်နှင်ဒဏ်ခံသောတစ်ဆယ့်နှစ်နှစ် မြောက်၊ ဒွါဒသမလ၊ လဆန်းတစ်ရက်နေ့၌ ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ငါ့ထံသို့ရောက်လာ၏။-
2. ကိုယ်တော်က``အီဂျစ်ဘုရင်အားကြပ်တည်း စွာသတိပေးရမည်မှာသင်သည်လူမျိုး တကာတွင်ခြင်္သေ့ကဲ့သို့ပြုကျင့်တတ်သော် လည်း တဗွမ်းဗွမ်းဖြင့်မြစ်ထဲ၌လှုပ်ရှား သည့်မိချောင်းနှင့်ပို၍တူ၏။ သင်၏ခြေဖြင့် မြစ်ရေကိုနောက်ကျိစေရန်မွှေနှောက်၏။-
3. အရှင်ထာဝရဘုရားကလူမျိုးတကာ တို့တွေ့ဆုံစုဝေးကြသောအခါ ငါသည် သင့်အားပိုက်ကွန်ဖြင့်အုပ်၍ဖမ်းကာသူ တို့အားကမ်းသို့ဆွဲတင်စေမည်။-
4. ထိုနောက်ကုန်းပေါ်တွင်ချထားစေပြီး ကွင်း ပြင်ထဲသို့ဆွဲသွားမည်။ ကမ္ဘာပေါ်ရှိငှက် များနှင့်တိရစ္ဆာန်တို့၏အစာဖြစ်စေမည်။-
5. သင်၏ပုပ်ပျက်နေသောအလောင်းဖြင့် တောင်များ၊ ချိုင့်ဝှမ်းများကိုငါဖုံးလွှမ်းမည်။-
6. မြေကြီးကိုသင်၏သွေးနှင့်စိုစေမည်။ ထို သွေးသည်တောင်ထိပ်တိုင်အောင်စိုမည်။ မြစ် တို့သည်သင့်သွေးဖြင့်ပြည့်လျှံလိမ့်မည်။-