ယေ​ဇ​ကျေ​လ 31:12-14 Common Language Bible (BCL)

12. ရက်​စက်​ကြမ်း​ကြုတ်​သော​လူ​မျိုး​ခြား​တို့ သည် ထို​အ​ပင်​ကို​ခုတ်​လှဲ​၍​ပစ်​ထား​ခဲ့​ကြ လိမ့်​မည်။ ယင်း​၏​အ​ကိုင်း​အ​ခက်​များ​နှင့် ကျိုး​ပဲ့​ကုန်​သော​အ​ခက်​အ​လက်​ကြီး​များ သည်​တစ်​ပြည်​လုံး​ရှိ​တောင်​များ၊ ချောင်း​များ၊ ချိုင့်​ဝှမ်း​များ​အ​ပေါ်​သို့​လဲ​ကျ​ကြ​လိမ့် မည်။ ထို​အ​ပင်​၏​အ​ရိပ်​တွင်​ခို​လှုံ​နေ ကြ​သော​လူ​မျိုး​အ​ပေါင်း​တို့​သည်​လည်း ထွက်​ခွာ​သွား​ကြ​လိမ့်​မည်။-

13. ငှက်​တို့​သည်​လာ​၍​လဲ​နေ​သော​အ​ပင်​တွင် နား​ကြ​လိမ့်​မည်။ တော​ရဲ​တိ​ရစ္ဆာန်​တို့​သည် ယင်း​၏​အ​ကိုင်း​အ​ခက်​များ​ကို​ကျော်​နင်း ကြ​လိမ့်​မည်။-

14. သို့​ဖြစ်​၍​မည်​မျှ​ပင်​ရေ​ရ​ရှိ​စေ​ကာ​မူ​ယ​ခု မှ​အ​စ​ပြု​၍ အ​ဘယ်​အ​ပင်​မျှ​ထို​အာ​ရစ် ပင်​ကဲ့​သို့​သစ်​ကိုင်း​သစ်​ခက်​များ​အ​ထက်​တွင် မြင့်​မား​ရ​တော့​မည်​မ​ဟုတ်။ ယင်း​တို့​၏​ထိပ်​ဖျား များ​သည်​မိုး​တိမ်​သို့​ရောက်​သည့်​တိုင်​အောင်​မြင့် တက်​ရ​ကြ​တော့​မည်​မ​ဟုတ်။ ထို​သစ်​ပင်​အား လုံး​ပင်​လူ​သား​များ​နှင့်​အ​တူ မြေ​ကြီး​ပေါ် တွင်​သေ​ကြေ​ပျက်​စီး​ကာ​မ​ရ​ဏာ​နိုင်​ငံ​သို့ ဆင်း​သက်​ရ​ကြ​ပေ​တော့​အံ့'' ဟု​မိန့်​တော် မူ​၏။

ယေ​ဇ​ကျေ​လ 31