22. သို့ဖြစ်၍ယခုငါအရှင်ထာဝရဘုရား မိန့်တော်မူသည်ကား ငါသည်အီဂျစ်ဘုရင် ၏ရန်သူဖြစ်၏။ သူ၏လက်နှစ်ဖက်စလုံး ကိုငါချိုးမည်။ ကျိုးနေသောလက်နှင့်မ ကျိုးသေးသောလက်ကိုပါချိုးမည်။ ထို အခါသူ၏လက်မှဋ္ဌားသည်ကျသွား လိမ့်မည်။-
23. အီဂျစ်ပြည်သားတို့အားငါသည်လူမျိုး တကာနှင့် ကမ္ဘာအရပ်ရပ်သို့ပျံ့လွင့်စေ မည်။-
24. ထိုနောက်ဗာဗုလုန်ဘုရင်အားခွန်အား ကြီးမားလာစေ၍ သူ၏လက်သို့ငါ၏ဋ္ဌား ကိုပေးအပ်မည်။ သို့ရာတွင်အီဂျစ်ဘုရင် ၏လက်ရုံးတို့ကိုမူငါချိုးမည်။ သူသည် ညည်းတွားမြည်တမ်းလျက် မိမိရန်သူ၏ ရှေ့မှောက်တွင်သေရလိမ့်မည်။-
25. ငါသည်သူ့အားအမှန်ပင်ချည့်နဲ့စေ၍ ဗာဗုလုန်မင်းအားသန်မာစေမည်။ ငါ၏ ဋ္ဌားကိုဗာဗုလုန်ဘုရင်လက်သို့ပေးအပ် ၍ သူသည်အီဂျစ်ပြည်သို့ဋ္ဌားဦးကိုလှည့် လိုက်သောအခါ ငါသည်ထာဝရဘုရား ဖြစ်တော်မူကြောင်းကိုလူတိုင်းသိရှိကြ လိမ့်မည်။-
26. ငါသည်အီဂျစ်ပြည်သားတို့အားလူမျိုး တကာနှင့် ကမ္ဘာအရပ်ရပ်သို့ပျံ့လွင့်စေ မည်။ ထိုအခါငါသည်ထာဝရဘုရားဖြစ် တော်မူကြောင်းသူတို့သိရှိကြလိမ့်မည်'' ဟုမိန့်တော်မူ၏။