15. အီဂျစ်ပြည်၏ခံတပ်မြို့ကြီးဖြစ်သောသိန် မြို့အား ငါ၏အမျက်တော်ဒဏ်ကိုခံစေ မည်။ နောမြို့၏ဋ္ဌနအင်အားကိုဖျက်ဆီး မည်။-
16. ငါသည်အီဂျစ်ပြည်ကိုမီးလောင်စေ၍ သိန်မြို့ကိုလည်းပြင်းထန်စွာနာကျင်စေ မည်။ ထိုမြို့၏မြို့ရိုးများသည်ဖြိုဖျက် ခြင်းခံရသဖြင့်ထိုမြို့ကိုရေလွှမ်းမိုး လိမ့်မည်။-
17. အာဝင်မြို့နှင့်ဖိဗေသက်မြို့တို့မှလူငယ် လူရွယ်များသည်စစ်ပွဲတွင်ကျဆုံးကြ၍ အခြားသူတို့သည်ကားသုံ့ပန်းအဖြစ် အဖမ်းခံရကြလိမ့်မည်။-
18. အီဂျစ်ပြည်၏တန်ခိုးအာဏာတည်းဟူ သောထမ်းပိုးကို ငါချိုးနှိမ်သောအခါသူ တို့ဂုဏ်ယူဝါကြွားသည့်စွမ်းရည်သတ္တိ ကိုပပျောက်စေမည်။ တာပနက်မြို့သည် မှောင်မိုက်၍နေလိမ့်မည်။ အီဂျစ်ပြည်တွင် မိုးတိမ်များအုပ်ဆိုင်းလျက်မြို့အားလုံး မှလူတို့သည်သုံ့ပန်းအဖြစ်ဖမ်းဆီး သိမ်းယူသွားခြင်းကိုခံရကြလိမ့်မည်။-
19. ဤကဲ့သို့အီဂျစ်ပြည်အားအပြစ်ဒဏ် ခတ်သောအခါ ငါသည်ထာဝရဘုရား ဖြစ်တော်မူကြောင်းသူတို့သိရှိကြ လိမ့်မည်'' ဟုမိန့်တော်မူ၏။
20. ငါတို့ပြည်နှင်ဒဏ်ခံသောတစ်ဆယ့်တစ်နှစ် မြောက်၊ ပထမလ၊ လဆန်းခုနစ်ရက်နေ့၌ ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ငါ့ထံသို့ရောက်လာ၏။-