4. ထိုနောက်ကိုယ်တော်က``အချင်းလူသား၊ ဣသ ရေလအမျိုးသားတို့ထံသို့သွား၍ ငါမိန့် တော်မူသမျှတို့ကိုဆင့်ဆိုလော့။-
5. ငါသည်သင့်အားမရေရာသောစကားနှင့် ခက်ခဲသောဘာသာခြားစကားကိုပြောဆို သူတို့ထံသို့စေလွှတ်သည်မဟုတ်။ ဣသရေလ အမျိုးသားတို့ထံသို့စေလွှတ်၏။-
6. မရေရာသောစကားနှင့်သင်နားလည်ရန် ခက်ခဲသောဘာသာခြားစကားများကို ပြောဆိုသူလူမျိုးများထံသို့သင့်အားငါ စေလွှတ်ခြင်းမဟုတ်။ အကယ်၍စေလွှတ်ပါမူ ထိုသူတို့သည်သင်၏စကားကိုနားထောင် ကြလိမ့်မည်။-
7. သို့သော်အဘယ်ဣသရေလအမျိုးသားမျှ သင့်စကားကိုနားထောင်ကြလိမ့်မည်မဟုတ်။ သူတို့သည်ငါ၏စကားကိုပင်နားထောင် ကြလိမ့်မည်မဟုတ်။ သူတို့အားလုံးပင် ခေါင်းမာ၍အာခံတတ်သူများဖြစ်ကြ၏။-
8. ယခုငါသည်သင့်အားထိုသူတို့ကဲ့သို့ ခေါင်းမာ၍ ခိုင်ခံ့မာကြောစေမည်။-
9. ငါသည်သင်၏နဖူးကိုကျောက်ထက်ပင် ခိုင်ခံ့စေ၍ စိန်ကဲ့သို့မာကြောစေမည်။ ထို ပုန်ကန်တတ်သူတို့ကိုမကြောက်နှင့်၊ မလန့် နှင့်'' ဟုမိန့်တော်မူ၏။
10. ကိုယ်တော်ကဆက်လက်၍``အချင်းလူသား၊ ငါပြောသမျှသောစကားတို့ကိုသေချာ စွာနားထောင်မှတ်သားလော့။-
11. ထိုနောက်ပြည်နှင်ဒဏ်သင့်သူသင်၏အမျိုး သားများထံသို့သွားလော့။ သူတို့သင်၏ စကားကိုဂရုစိုက်သည်ဖြစ်စေ၊ မစိုက် သည်ဖြစ်စေ၊ ငါအရှင်ထာဝရဘုရား အဘယ်သို့မိန့်တော်မူသည်ကိုပြော ကြားလော့'' ဟုမိန့်တော်မူ၏။
12. ထိုနောက်ဝိညာဉ်တော်သည်ငါ့ကိုချီမတော် မူသောအခါ ငါ၏နောက်မှ``ကောင်းကင်ဘုံ ရှိထာဝရဘုရား၏ဘုန်းအသရေတော် ကိုထောမနာပြုကြလော့'' ဟုမိုးချုန်းသံ ကဲ့သို့ကျယ်သောအသံကိုငါကြားရ၏။-