22. ငါသည်ထာဝရဘုရား၏တန်ခိုးတော်အရှိန် ကိုတွေ့ထိခံစားရ၍ကိုယ်တော်ကငါ့ အား``ထ၍ချိုင့်ဝှမ်းထဲသို့သွားလော့။ ထို အရပ်တွင်သင့်အားငါမိန့်ကြားမည်'' ဟု မိန့်တော်မူသောအသံကိုကြားရ၏။
23. သို့ဖြစ်၍ငါသည်ချိုင့်ဝှမ်းထဲသို့သွားရာ ခေဗာမြစ်အနီးတွင်ငါဖူးမြင်ရသကဲ့ သို့ ထိုအရပ်တွင်ဘုရားသခင်၏ဘုန်းအသ ရေတော်ကိုဖူးမြင်ရ၏။ ငါသည်မြေပေါ် သို့လှဲချပျပ်ဝပ်လိုက်၏။-
24. သို့ရာတွင်ဘုရားသခင်၏ဝိညာဉ်တော်သည် ငါ၏အတွင်းသို့ဝင်၍ငါ့အားမတ်တပ်ရပ် စေတော်မူ၏။ ထာဝရဘုရားက``သင်သည် မိမိအိမ်သို့ပြန်ပြီးလျှင်အိမ်တွင်ပိတ်နေလော့။-
25. အချင်းလူသားသင့်အားကြိုးဖြင့်ချည် နှောင်ထားမည်ဖြစ်၍ သင်သည်လူအများ၏ ရှေ့သို့ထွက်နိုင်လိမ့်မည်မဟုတ်။-
26. ဤပုန်ကန်တတ်သူတို့အားသတိမပေး နိုင်စေရန် ငါသည်သင်၏လျှာကိုအာခေါင် တွင်ကပ်၍နေစေမည်။-
27. ထိုနောက်သင့်အားငါတစ်ဖန်ပြောကြားစေ လိုသောအခါ၌သင်၏နှုတ်ကိုဖွင့်မည်။ ထို အခါသင်သည်သူတို့အားငါ့အရှင်ထာဝရ ဘုရား ဤသို့မိန့်တော်မူသည်ဟုဆင့်ဆိုရ မည်။ အချို့သောသူတို့သည်သင့်စကားကို နားထောင်၍ အချို့တို့သည်နားမထောင်ဘဲ နေကြလိမ့်မည်။ အဘယ်ကြောင့်ဆိုသော်သူ တို့သည်ပုန်ကန်တတ်သောလူမျိုးဖြစ်သော ကြောင့်တည်း။''