12. ထိုနောက်ဝိညာဉ်တော်သည်ငါ့ကိုချီမတော် မူသောအခါ ငါ၏နောက်မှ``ကောင်းကင်ဘုံ ရှိထာဝရဘုရား၏ဘုန်းအသရေတော် ကိုထောမနာပြုကြလော့'' ဟုမိုးချုန်းသံ ကဲ့သို့ကျယ်သောအသံကိုငါကြားရ၏။-
13. သတ္တဝါလေးပါးတို့လေထဲတွင်တောင်ပံ ခတ်ကြသည့်အသံကိုလည်းကောင်း၊ ရထား ဘီးများ၏အသံကိုလည်းကောင်းငါကြား ရ၏။ ထိုအသံများသည်မြေငလျင်လှုပ်သံ နှင့်တူ၏။-
14. ထာဝရဘုရားသည်ကြီးမားသောတန်ခိုး ဖြင့်ငါ့အပေါ်သက်ရောက်၍ ဝိညာဉ်တော်သည် ငါ့ကိုယူဆောင်သွားတော်မူသောအခါ ငါ သည်စိတ်နာစိတ်ဆိုးလျက်လိုက်ပါသွား၏။-
15. သို့ဖြစ်၍ငါသည်ပြည်နှင်ဒဏ်သင့်သူတို့ နေထိုင်ရာခေဗာမြစ်အနီးတေလဗိဗရွာ သို့သွား၍ ငါတွေ့မြင်ခဲ့ရသောအမှုအရာ များကြောင့်ခုနစ်ရက်ပတ်လုံးအံ့အားသင့် လျက်နေ၏။