11. ထိုနောက်ပြည်နှင်ဒဏ်သင့်သူသင်၏အမျိုး သားများထံသို့သွားလော့။ သူတို့သင်၏ စကားကိုဂရုစိုက်သည်ဖြစ်စေ၊ မစိုက် သည်ဖြစ်စေ၊ ငါအရှင်ထာဝရဘုရား အဘယ်သို့မိန့်တော်မူသည်ကိုပြော ကြားလော့'' ဟုမိန့်တော်မူ၏။
12. ထိုနောက်ဝိညာဉ်တော်သည်ငါ့ကိုချီမတော် မူသောအခါ ငါ၏နောက်မှ``ကောင်းကင်ဘုံ ရှိထာဝရဘုရား၏ဘုန်းအသရေတော် ကိုထောမနာပြုကြလော့'' ဟုမိုးချုန်းသံ ကဲ့သို့ကျယ်သောအသံကိုငါကြားရ၏။-
13. သတ္တဝါလေးပါးတို့လေထဲတွင်တောင်ပံ ခတ်ကြသည့်အသံကိုလည်းကောင်း၊ ရထား ဘီးများ၏အသံကိုလည်းကောင်းငါကြား ရ၏။ ထိုအသံများသည်မြေငလျင်လှုပ်သံ နှင့်တူ၏။-
14. ထာဝရဘုရားသည်ကြီးမားသောတန်ခိုး ဖြင့်ငါ့အပေါ်သက်ရောက်၍ ဝိညာဉ်တော်သည် ငါ့ကိုယူဆောင်သွားတော်မူသောအခါ ငါ သည်စိတ်နာစိတ်ဆိုးလျက်လိုက်ပါသွား၏။-
15. သို့ဖြစ်၍ငါသည်ပြည်နှင်ဒဏ်သင့်သူတို့ နေထိုင်ရာခေဗာမြစ်အနီးတေလဗိဗရွာ သို့သွား၍ ငါတွေ့မြင်ခဲ့ရသောအမှုအရာ များကြောင့်ခုနစ်ရက်ပတ်လုံးအံ့အားသင့် လျက်နေ၏။
16. ခုနစ်ရက်ကုန်လွန်သောအခါ ထာဝရဘုရား သည်ငါ့အား၊-
17. ``အချင်းလူသား၊ ငါသည်ဣသရေလအမျိုး သားတို့အတွက်သင့်အားကင်းစောင့်အဖြစ်ခန့် ထားမည်။ ငါသတိပေးသည့်စကားများကို ကြားနာ၍ သင်သည်သူတို့အားဆင့်ဆိုရမည်။-
18. ငါကမကောင်းမှုပြုသူတစ်စုံတစ်ယောက် သည်သေရလိမ့်မည်ဟုဆိုသော်လည်းထိုသူ မသေရလေအောင် သင်သည်သူ၏လမ်းစဉ်ကို ပြင်ဆင်ရန်သတိမပေးဘဲနေပါမူ ထိုသူ သည်မိမိကူးလွန်သည့်အပြစ်အတွက်သေ ရလိမ့်မည်။ ထိုအခါထိုသူသေရသည့်အ တွက်သင့်မှာတာဝန်ရှိသည်။-
19. သင်သည်အပြစ်ကူးလွန်သူတစ်စုံတစ် ယောက်အားအမှန်ပင်သတိပေးသော်လည်း သူသည်မိမိ၏ဒုစရိုက်ကိုမရပ်မစဲဘဲနေ ခဲ့သော် မိမိကူးလွန်သည့်အပြစ်အတွက် သေရလိမ့်မည်။ ထိုအခါငါသည်သင့်အား အသက်ချမ်းသာပေးမည်။''
20. ``သူတော်ကောင်းတစ်ယောက်သည်မကောင်းမှု ကိုပြုလာသဖြင့် ငါသည်သူ့အားအန္တရာယ် ရှိသောအခြေအနေသို့ရောက်စေ၍သူသည် သေရမည်။ ထိုအခါသင်သည်သူ့ကိုသတိ မပေးဘဲနေပါမူ သူသည်မိမိကူးလွန် သည့်အပြစ်အတွက်သေရလိမ့်မည်။ ယခင် ကသူပြုသည့်ကောင်းမှုများကိုငါသတိ ရလိမ့်မည်မဟုတ်။ ထိုအခါထိုသူသေရ သည့်အတွက်သင့်မှာတာဝန်ရှိ၏။-
21. သင်သည်ဖြောင့်မတ်သောသူတစ်စုံတစ်ယောက် အား အပြစ်မကူးလွန်စေရန်သတိပေး၍ သူသည်လည်းသင့်စကားကိုနားထောင်ကာ အပြစ်မကူးလွန်ဘဲနေပါမူသူသည်သေ ရလိမ့်မည်မဟုတ်။ သင်သည်လည်းအသက် ချမ်းသာရာရလိမ့်မည်'' ဟုမိန့်တော်မူ၏။
22. ငါသည်ထာဝရဘုရား၏တန်ခိုးတော်အရှိန် ကိုတွေ့ထိခံစားရ၍ကိုယ်တော်ကငါ့ အား``ထ၍ချိုင့်ဝှမ်းထဲသို့သွားလော့။ ထို အရပ်တွင်သင့်အားငါမိန့်ကြားမည်'' ဟု မိန့်တော်မူသောအသံကိုကြားရ၏။
23. သို့ဖြစ်၍ငါသည်ချိုင့်ဝှမ်းထဲသို့သွားရာ ခေဗာမြစ်အနီးတွင်ငါဖူးမြင်ရသကဲ့ သို့ ထိုအရပ်တွင်ဘုရားသခင်၏ဘုန်းအသ ရေတော်ကိုဖူးမြင်ရ၏။ ငါသည်မြေပေါ် သို့လှဲချပျပ်ဝပ်လိုက်၏။-