1. ကိုယ်တော်က``အချင်းလူသား၊ ဤစာလိပ်ကို စားလော့။ ထိုနောက်ဣသရေလအမျိုးသား တို့ထံသို့သွား၍ဟောပြောလော့'' ဟုမိန့် တော်မူ၏။
2. သို့ဖြစ်၍ငါသည်ခံတွင်းကိုဟလိုက်ရာ ကိုယ်တော်သည် ငါစားရန်အတွက်စာလိပ် ကိုပေးတော်မူ၏။-
3. ကိုယ်တော်က``အချင်းလူသားသင့်အား ငါပေးသည့်စာလိပ်ကိုဝမ်းပြည့်အောင်စား လော့'' ဟုမိန့်တော်မူသဖြင့်ငါသည်စား လိုက်သောအခါထိုစာလိပ်သည်ပျားရည် ကဲ့သို့ချို၏။
4. ထိုနောက်ကိုယ်တော်က``အချင်းလူသား၊ ဣသ ရေလအမျိုးသားတို့ထံသို့သွား၍ ငါမိန့် တော်မူသမျှတို့ကိုဆင့်ဆိုလော့။-
5. ငါသည်သင့်အားမရေရာသောစကားနှင့် ခက်ခဲသောဘာသာခြားစကားကိုပြောဆို သူတို့ထံသို့စေလွှတ်သည်မဟုတ်။ ဣသရေလ အမျိုးသားတို့ထံသို့စေလွှတ်၏။-
6. မရေရာသောစကားနှင့်သင်နားလည်ရန် ခက်ခဲသောဘာသာခြားစကားများကို ပြောဆိုသူလူမျိုးများထံသို့သင့်အားငါ စေလွှတ်ခြင်းမဟုတ်။ အကယ်၍စေလွှတ်ပါမူ ထိုသူတို့သည်သင်၏စကားကိုနားထောင် ကြလိမ့်မည်။-
7. သို့သော်အဘယ်ဣသရေလအမျိုးသားမျှ သင့်စကားကိုနားထောင်ကြလိမ့်မည်မဟုတ်။ သူတို့သည်ငါ၏စကားကိုပင်နားထောင် ကြလိမ့်မည်မဟုတ်။ သူတို့အားလုံးပင် ခေါင်းမာ၍အာခံတတ်သူများဖြစ်ကြ၏။-