ယေ​ဇ​ကျေ​လ 28:7-11 Common Language Bible (BCL)

7. ငါ​သည်​သ​နား​ညှာ​တာ​မှု​ကင်း​ခဲ့​သည့် တိုင်း​တစ်​ပါး​သား​တို့​အား သင့်​ကို​တိုက်​ခိုက် ရန်​ခေါ်​ဆောင်​ခဲ့​မည်။ အ​သိ​ပ​ညာ​နှင့်​အ​လှ အ​ပ​အား​ဖြင့် သင်​စု​ဆောင်း​ထား​သ​မျှ​သော ပစ္စည်း​ဥစ္စာ​တို့​ကို​သူ​တို့​သည်​ဖျက်​ဆီး​ပစ် ကြ​လိမ့်​မည်။-

8. သင့်​ကို​လည်း​တွင်း​ထဲ​သို့​ဆွဲ​ချ​၍ ရေ​သင်္ချိုင်း တွင်​အ​သက်​ဆုံး​ရှုံး​လိမ့်​မည်။-

9. သင့်​ကို​သတ်​မည့်​သူ​တို့​ရှေ့​တွင် သင်​သည် ဘု​ရား​ဖြစ်​သည်​ဟု​ဆို​ဦး​မည်​လော။ သူ​တို့ သင့်​ကို​သတ်​ရန်​လာ​ကြ​သော​အ​ခါ သင်​သည် ဘု​ရား​မ​ဟုတ်​တော့​ဘဲ​လူ​သား​မျှ​သာ​ဖြစ် ရ​ပေ​တော့​အံ့။-

10. သင်​သည်​လူ​မျိုး​ခြား​တို့​၏​လက်​တွင်​အ​ရေ ဖျား​လှီး​မင်္ဂ​လာ​မ​ခံ​ရ​သေး​သူ​ကဲ့​သို့ သေ ရ​ပေ​လိမ့်​မည်။ ဤ​ကား​ငါ​အ​ရှင်​ထာ​ဝ​ရ ဘု​ရား​၏​အ​မိန့်​တော်​ပင်​တည်း'' ဟု​မိန့်​တော် မူ​၏။

11. တစ်​ဖန်​ထာ​ဝ​ရ​ဘု​ရား​၏​နှုတ်​က​ပတ် တော်​သည် ငါ့​ထံ​သို့​ရောက်​လာ​၏။-

ယေ​ဇ​ကျေ​လ 28