5. သူတို့သည်ဟေရမုန်တောင်မှ ထင်းရှူးပင်များကိုပျဉ်အတွက်၊လေဗနုန်တောမှအာရစ်ပင်ကို ရွက်တိုင်အတွက်အသုံးပြုကြ၏။
6. လှော်တက်များကိုပြုလုပ်ရန်ဗာရှန်တောမှ ဝက်သစ်ချပင်များကိုယူဆောင်လာကြ၏။သင်၏ကုန်းပတ်ကိုကုပရုကျွန်းမှရသောထင်းရှူးဖြင့်ပြုလုပ်ကာဆင်စွယ်များဖြင့် ချယ်လှယ်ထားကြ၏။
7. သင်၏ရွက်များကိုအီဂျစ်ပြည်မှရသော ပန်းထိုးထည်ပိတ်ချောဖြင့်ပြုလုပ်ထားကြောင်းအဝေးကပင် အလံသဖွယ်အလွယ်တကူသိနိုင်၏။သင်၏နေရောင်ကာများသည်ဧလိရှကျွန်း မှရရှိသောမရမ်းစေ့ရောင်အကောင်းစားပိတ်ချောဖြင့် ပြုလုပ်ထား၏။
8. သင်၏လှော်တက်ကိုင်သမားများမှာဇိဒုန် မြို့သားနှင့် အာဝဒ်မြို့သားများဖြစ်၏။လေ့ကျင့်မှုရှိသူတုရုမြို့သားများက သင်္ဘောသားများဖြစ်ကြ၏။
9. သင်္ဘောကိုပြုပြင်ဖာထေးရန်လိုက်ပါသည့်ကျွမ်းကျင်သူလက်သမားဆရာများသည် ဂေဗလမြို့မှဖြစ်ကြ၏။ပင်လယ်ကူးသင်္ဘောမှန်သမျှမှသင်္ဘောသားတို့သည် သင်နှင့်ရောင်းဝယ်ဖောက်ကားမှုကိုပြုကြ၏။
10. ``ပေရသိပြည်၊ လုဒပြည်၊ ဖုတပြည်တို့မှစစ် သူရဲများသည်သင်၏တပ်မတော်တွင်အမှု ထမ်းကြ၏။ သူတို့သည်မိမိတို့၏ဒိုင်းလွှား များနှင့်သံခမောက်များကိုသင်၏စစ်တန်း လျားများတွင်ဆွဲချိတ်ထားကြ၏။ သူတို့ သည်ကားသင်၏ဂုဏ်အသရေကိုတိုးစေ သူများဖြစ်ကြ၏။-
11. အာဝဒ်မြို့မှစစ်သူရဲများကသင်၏မြို့ရိုး များကိုလည်းကောင်း၊ ဂမ္မဒိမ်မြို့သားတို့က သင်၏ပြအိုးတို့ကိုလည်းကောင်းစောင့်ကြပ် ပေးကြ၏။ သူတို့သည်မိမိတို့၏ဒိုင်းလွှား များကိုသင်တို့၏မြို့ရိုးတွင်ဆွဲချိတ်ထား ကြ၏။ သင့်အားလှပတင့်တယ်စေသူများ ကားထိုသူတို့ပင်ဖြစ်သတည်း။
12. ``သင်သည်မိမိ၏များမြောင်သောကုန်စည် တို့ကိုတာရှုမြို့တွင် ငွေ၊ သံ၊ သံဖြူ၊ ခဲတို့ နှင့်လဲလှယ်ကာကုန်သွယ်မှုကိုပြု၏။-
13. ယာဝန်မြို့၊ တုဗလမြို့နှင့်မေရှက်မြို့တို့ တွင်သင်၏ကုန်စည်များကိုကျွန်များ၊ ကြေး နီအိုးများနှင့်လဲလှယ်၏။-
14. တောဂါမမြို့မှလာသောခိုင်းမြင်း၊ စီးမြင်း နှင့်လားများကိုသင်သည်မိမိ၏ကုန်စည် များနှင့်လဲလှယ်၏။-
15. ဒေဒန်မြို့သားတို့သည်လည်းသင်နှင့်ကုန်သွယ် မှုကိုပြုကြ၏။ ပင်လယ်ကမ်းခြေအမြောက် အမြားမှလူတို့သည် ဆင်စွယ်နှင့်အနက်ရောင် ရှိသောသစ်သားများကိုသင်၏ကုန်ပစ္စည်း များနှင့်လဲလှယ်ကြ၏။-
16. ရှုရိပြည်သားတို့သည်သင်ထုတ်လုပ်သည့် ကုန်ပစ္စည်းအမျိုးမျိုးကိုဝယ်ယူကာ ယင်း တို့၏တန်ဖိုးကိုမြ၊ ကျောက်နီ၊ မရမ်းစေ့ ရောင်အထည်အလိပ်၊ ပန်းထိုးထည်၊ ပိတ်ချော၊ သန္တာနှင့်ပတ္တမြားတို့ဖြင့်ပေးချေကြ၏။-
17. ယုဒပြည်နှင့်ဣသရေလပြည်တို့ကသင်၏ ကုန်စည်များကိုမင်းနစ်မြို့မှဂျုံစပါး၊ ပျား ရည်၊ သံလွင်ဆီ၊ အမွှေးအကြိုင်အမျိုးမျိုး ပေး၍ဝယ်ယူကြ၏။-
20. ဒေဒန်မြို့သားတို့သည်သင်၏ကုန်စည် များကိုမြင်းကုန်းနှီးအခင်းများနှင့် လဲလှယ်ကြ၏။-