ယေ​ဇ​ကျေ​လ 27:34-36 Common Language Bible (BCL)

34. ယ​ခု​မှာ​သင်​သည်​ပင်​လယ်​တွင်​ပျက်​ကာ သ​မုဒ္ဒ​ရာ​နက်​ထဲ​သို့​နစ်​မြုပ်​သွား​လေ​ပြီ။သင်​၏​ကုန်​စည်​များ​နှင့်​သင်​၏​လုပ်​သား အ​ပေါင်း​တို့​သည်၊သင်​နှင့်​အ​တူ​ပင်​လယ်​တွင်​ပျောက်​ကွယ်​သွား ကြ လေ​ကုန်​ပြီ' ဟု​ငို​ချင်း​ကို​ဆို​ကြ​၏။

35. ``ပင်​လယ်​ကမ်း​ခြေ​တွင်​နေ​ထိုင်​သူ​အ​ပေါင်း တို့​သည်​သင်​၏​ကံ​ကြမ္မာ​ကို​မြင်​၍​တ​အံ့​တ သြ​ဖြစ်​ကြ​ကုန်​၏။ သူ​တို့​၏​ဘု​ရင်​များ​ပင် လျှင်​ထိတ်​လန့်​တုန်​လှုပ်​ကြ​လျက် မျက်​နှာ​တွင် သွေး​မ​ရှိ​ကြ​တော့​ပေ။-

36. သင်​သည်​ဆုံး​ပါး​သွား​လေ​ပြီ။ ထာ​ဝစဉ်​ဆုံး ပါး​သွား​လေ​ပြီ။ ကမ္ဘာ​တစ်​ဝှမ်း​လုံး​ရှိ​ကုန် သည်​တို့​သည် သင့်​ကို​ကဲ့​ရဲ့​ဟစ်​ကျွေး​ကြ လိမ့်​မည်'' ဟူ​၍​တည်း။

ယေ​ဇ​ကျေ​လ 27