28. ရေနစ်သေဆုံးကြသည့်သင်္ဘောသားတို့ဟစ်အော်သံသည်ကမ်းခြေတွင်ပဲ့တင်ထပ် ၍သွား၏။
29. ``သင်္ဘောသားအပေါင်းတို့သည်မိမိတို့၏သင်္ဘောများကိုစွန့်ကာကုန်းပေါ်သို့တက်ကြ လေပြီ။
30. သူတို့သည်မိမိတို့ဦးခေါင်းပေါ်သို့မြေမှုန့် များကို မြှောက်ကြဲ၍ပြာထဲတွင်လူးလှိမ့်လျက်သင်၏အတွက်ပြင်းပြစွာငိုကြွေးမြည် တမ်းကြ၏။
31. သူတို့သည်သင်၏အဖြစ်ကိုမြင်၍ဦးခေါင်းများကိုရိတ်ကာဝမ်းနည်းပူဆွေး သည့် လက္ခဏာဖြင့်လျှော်တေကိုဝတ်ကြ၏။သူတို့သည်ဝမ်းနည်းပက်လက်ဟစ်အော် ငိုကြွေးကြ၏။သူတို့သည်ငိုကြွေးမြည်တမ်းလျက်သင်နှင့် ဆိုင်သော ငိုချင်းကိုသီဆိုကြလိမ့်မည်။
32. `ယခုအခါပင်လယ်ထဲ၌ဆိတ်ငြိမ်၍ နေသော တုရုမြို့နှင့်အဘယ်မြို့ကိုနှိုင်းယှဉ်နိုင်ပါ မည်နည်း။
33. သင်သည်မိမိ၏ကုန်စည်များကိုနိုင်ငံခြားသို့ တင်ပို့ရောင်းချရာတွင်လူမျိုးတကာတို့လိုနေသောအရာများကို ဖြည့်ဆည်းပေး၏။သင်၏များပြားသောကုန်ပစ္စည်းများကဘုရင် တို့ကို ချမ်းသာကြွယ်ဝစေလေသည်။
34. ယခုမှာသင်သည်ပင်လယ်တွင်ပျက်ကာ သမုဒ္ဒရာနက်ထဲသို့နစ်မြုပ်သွားလေပြီ။သင်၏ကုန်စည်များနှင့်သင်၏လုပ်သား အပေါင်းတို့သည်၊သင်နှင့်အတူပင်လယ်တွင်ပျောက်ကွယ်သွား ကြ လေကုန်ပြီ' ဟုငိုချင်းကိုဆိုကြ၏။
35. ``ပင်လယ်ကမ်းခြေတွင်နေထိုင်သူအပေါင်း တို့သည်သင်၏ကံကြမ္မာကိုမြင်၍တအံ့တ သြဖြစ်ကြကုန်၏။ သူတို့၏ဘုရင်များပင် လျှင်ထိတ်လန့်တုန်လှုပ်ကြလျက် မျက်နှာတွင် သွေးမရှိကြတော့ပေ။-
36. သင်သည်ဆုံးပါးသွားလေပြီ။ ထာဝစဉ်ဆုံး ပါးသွားလေပြီ။ ကမ္ဘာတစ်ဝှမ်းလုံးရှိကုန် သည်တို့သည် သင့်ကိုကဲ့ရဲ့ဟစ်ကျွေးကြ လိမ့်မည်'' ဟူ၍တည်း။