ယေ​ဇ​ကျေ​လ 27:26-31 Common Language Bible (BCL)

26. သင့်​အား​လှော်​ခတ်​သူ​တို့​သည်​ပင်​လယ်​ထဲ​သို့ ထုတ်​ဆောင်​လာ​သော​အ​ခါ၊အ​ရှေ့​လေ​သည်​ပင်​လယ်​ထဲ​၌​သင့်​ကို ပျက်​စီး​သွား​စေ​၏။

27. သင်​ချမ်း​သာ​သ​မျှ​ကုန်​စည်​များ၊သင်​၏​သင်္ဘော​သား​အား​လုံး၊သင်္ဘော​ပြု​ပြင်​သူ လက်​သ​မား​ဆ​ရာ​များ​နှင့်​ကုန်​သည်​များ၊သင်္ဘော​ပေါ်​ရှိ​စစ်​သူ​ရဲ​များ​နှင့်​ရှိ​ရှိ​သ​မျှ သော လူ​တို့​သည်သင်​၏​သင်္ဘော​ပျက်​သော​အ​ခါ​ပင်​လယ်​ထဲ တွင် နစ်​မြုပ်​သေ​ဆုံး​ကြ​ကုန်​၏။

28. ရေ​နစ်​သေ​ဆုံး​ကြ​သည့်​သင်္ဘော​သား​တို့ဟစ်​အော်​သံ​သည်​ကမ်း​ခြေ​တွင်​ပဲ့​တင်​ထပ် ၍​သွား​၏။

29. ``သင်္ဘော​သား​အ​ပေါင်း​တို့​သည်​မိ​မိ​တို့​၏သင်္ဘော​များ​ကို​စွန့်​ကာ​ကုန်း​ပေါ်​သို့​တက်​ကြ လေ​ပြီ။

30. သူ​တို့​သည်​မိ​မိ​တို့​ဦး​ခေါင်း​ပေါ်​သို့​မြေ​မှုန့် များ​ကို မြှောက်​ကြဲ​၍​ပြာ​ထဲ​တွင်​လူး​လှိမ့်​လျက်သင်​၏​အ​တွက်​ပြင်း​ပြ​စွာ​ငို​ကြွေး​မြည် တမ်း​ကြ​၏။

31. သူ​တို့​သည်​သင်​၏​အ​ဖြစ်​ကို​မြင်​၍ဦး​ခေါင်း​များ​ကို​ရိတ်​ကာ​ဝမ်း​နည်း​ပူ​ဆွေး သည့် လက္ခ​ဏာ​ဖြင့်​လျှော်​တေ​ကို​ဝတ်​ကြ​၏။သူ​တို့​သည်​ဝမ်း​နည်း​ပက်​လက်​ဟစ်​အော် ငို​ကြွေး​ကြ​၏။သူ​တို့​သည်​ငို​ကြွေး​မြည်​တမ်း​လျက်​သင်​နှင့် ဆိုင်​သော ငို​ချင်း​ကို​သီ​ဆို​ကြ​လိမ့်​မည်။

ယေ​ဇ​ကျေ​လ 27