ယေ​ဇ​ကျေ​လ 27:2-13 Common Language Bible (BCL)

2. ``အ​ချင်း​လူ​သား၊ တု​ရု​မြို့​အ​တွက်​ငို​ချင်း​ကို ဖွင့်​ဆို​လော့။-

3. ထို​မြို့​သည်​ပင်​လယ်​ကမ်း​စပ်​တွင်​ရှိ​၍ ပင်​လယ် ကမ်း​ခြေ​ပေါ်​တွင်​ရှိ​သ​မျှ​သော​မြို့​တို့​နှင့်​ကုန် သွယ်​ဘက်​ဖြစ်​၏။ သူ့​အား​အ​ရှင်​ထာ​ဝရ​ဘု​ရား အ​ဘယ်​သို့​မိန့်​တော်​မူ​သည်​ကို​ဤ​သို့​ဆင့်​ဆို လော့။``အ​ချင်း​တု​ရု​မြို့၊ သင်​သည်​အ​ပြစ်​ဆို​ဖွယ် မ​ရှိ​အောင်​လှ​ပ​တင့်​တယ်​သည့်​အ​တွက်​ဝါ ကြွား​တတ်​၏။

4. ပင်​လယ်​သည်​သင်​နေ​ထိုင်​ရာ​အ​ရပ်​ဖြစ်​၏။သင်​၏​ဗိ​သု​ကာ​တို့​သည်​သင့်​အား​လှ​ပ​စွာ တည်​ဆောက်​ထား​ကြ​၏။

5. သူ​တို့​သည်​ဟေ​ရ​မုန်​တောင်​မှ ထင်း​ရှူး​ပင်​များ​ကို​ပျဉ်​အ​တွက်၊လေ​ဗ​နုန်​တော​မှ​အာ​ရစ်​ပင်​ကို ရွက်​တိုင်​အ​တွက်​အ​သုံး​ပြု​ကြ​၏။

6. လှော်​တက်​များ​ကို​ပြု​လုပ်​ရန်​ဗာ​ရှန်​တော​မှ ဝက်​သစ်​ချ​ပင်​များ​ကို​ယူ​ဆောင်​လာ​ကြ​၏။သင်​၏​ကုန်း​ပတ်​ကို​ကု​ပ​ရု​ကျွန်း​မှ​ရ​သောထင်း​ရှူး​ဖြင့်​ပြု​လုပ်​ကာ​ဆင်​စွယ်​များ​ဖြင့် ချယ်​လှယ်​ထား​ကြ​၏။

7. သင်​၏​ရွက်​များ​ကို​အီ​ဂျစ်​ပြည်​မှ​ရ​သော ပန်း​ထိုး​ထည်ပိတ်​ချော​ဖြင့်​ပြု​လုပ်​ထား​ကြောင်း​အ​ဝေး​က​ပင် အ​လံ​သ​ဖွယ်​အ​လွယ်​တ​ကူ​သိ​နိုင်​၏။သင်​၏​နေ​ရောင်​ကာ​များ​သည်​ဧ​လိ​ရှ​ကျွန်း မှ​ရ​ရှိ​သောမ​ရမ်း​စေ့​ရောင်​အ​ကောင်း​စား​ပိတ်​ချော​ဖြင့် ပြု​လုပ်​ထား​၏။

8. သင်​၏​လှော်​တက်​ကိုင်​သ​မား​များ​မှာ​ဇိ​ဒုန် မြို့​သား​နှင့် အာ​ဝဒ်​မြို့​သား​များ​ဖြစ်​၏။လေ့​ကျင့်​မှု​ရှိ​သူ​တု​ရု​မြို့​သား​များ​က သင်္ဘော​သား​များ​ဖြစ်​ကြ​၏။

9. သင်္ဘော​ကို​ပြု​ပြင်​ဖာ​ထေး​ရန်​လိုက်​ပါ​သည့်ကျွမ်း​ကျင်​သူ​လက်​သ​မား​ဆ​ရာ​များ​သည် ဂေ​ဗ​လ​မြို့​မှ​ဖြစ်​ကြ​၏။ပင်​လယ်​ကူး​သင်္ဘော​မှန်​သ​မျှ​မှ​သင်္ဘော​သား​တို့​သည် သင်​နှင့်​ရောင်း​ဝယ်​ဖောက်​ကား​မှု​ကို​ပြု​ကြ​၏။

10. ``ပေ​ရ​သိ​ပြည်၊ လု​ဒ​ပြည်၊ ဖု​တ​ပြည်​တို့​မှ​စစ် သူ​ရဲ​များ​သည်​သင်​၏​တပ်​မ​တော်​တွင်​အ​မှု ထမ်း​ကြ​၏။ သူ​တို့​သည်​မိ​မိ​တို့​၏​ဒိုင်း​လွှား များ​နှင့်​သံ​ခ​မောက်​များ​ကို​သင်​၏​စစ်​တန်း လျား​များ​တွင်​ဆွဲ​ချိတ်​ထား​ကြ​၏။ သူ​တို့ သည်​ကား​သင်​၏​ဂုဏ်​အ​သ​ရေ​ကို​တိုး​စေ သူ​များ​ဖြစ်​ကြ​၏။-

11. အာ​ဝဒ်​မြို့​မှ​စစ်​သူ​ရဲ​များ​က​သင်​၏​မြို့​ရိုး များ​ကို​လည်း​ကောင်း၊ ဂမ္မ​ဒိမ်​မြို့​သား​တို့​က သင်​၏​ပြ​အိုး​တို့​ကို​လည်း​ကောင်း​စောင့်​ကြပ် ပေး​ကြ​၏။ သူ​တို့​သည်​မိ​မိ​တို့​၏​ဒိုင်း​လွှား များ​ကို​သင်​တို့​၏​မြို့​ရိုး​တွင်​ဆွဲ​ချိတ်​ထား ကြ​၏။ သင့်​အား​လှ​ပ​တင့်​တယ်​စေ​သူ​များ ကား​ထို​သူ​တို့​ပင်​ဖြစ်​သ​တည်း။

12. ``သင်​သည်​မိ​မိ​၏​များ​မြောင်​သော​ကုန်​စည် တို့​ကို​တာ​ရှု​မြို့​တွင် ငွေ၊ သံ၊ သံ​ဖြူ၊ ခဲ​တို့ နှင့်​လဲ​လှယ်​ကာ​ကုန်​သွယ်​မှု​ကို​ပြု​၏။-

13. ယာ​ဝန်​မြို့၊ တု​ဗ​လ​မြို့​နှင့်​မေ​ရှက်​မြို့​တို့ တွင်​သင်​၏​ကုန်​စည်​များ​ကို​ကျွန်​များ၊ ကြေး နီ​အိုး​များ​နှင့်​လဲ​လှယ်​၏။-

ယေ​ဇ​ကျေ​လ 27