ယေ​ဇ​ကျေ​လ 27:1-4 Common Language Bible (BCL)

1. ထာ​ဝ​ရ​ဘု​ရား​ငါ့​အား​မိန့်​တော်​မူ​သည်​ကား၊-

2. ``အ​ချင်း​လူ​သား၊ တု​ရု​မြို့​အ​တွက်​ငို​ချင်း​ကို ဖွင့်​ဆို​လော့။-

3. ထို​မြို့​သည်​ပင်​လယ်​ကမ်း​စပ်​တွင်​ရှိ​၍ ပင်​လယ် ကမ်း​ခြေ​ပေါ်​တွင်​ရှိ​သ​မျှ​သော​မြို့​တို့​နှင့်​ကုန် သွယ်​ဘက်​ဖြစ်​၏။ သူ့​အား​အ​ရှင်​ထာ​ဝရ​ဘု​ရား အ​ဘယ်​သို့​မိန့်​တော်​မူ​သည်​ကို​ဤ​သို့​ဆင့်​ဆို လော့။``အ​ချင်း​တု​ရု​မြို့၊ သင်​သည်​အ​ပြစ်​ဆို​ဖွယ် မ​ရှိ​အောင်​လှ​ပ​တင့်​တယ်​သည့်​အ​တွက်​ဝါ ကြွား​တတ်​၏။

4. ပင်​လယ်​သည်​သင်​နေ​ထိုင်​ရာ​အ​ရပ်​ဖြစ်​၏။သင်​၏​ဗိ​သု​ကာ​တို့​သည်​သင့်​အား​လှ​ပ​စွာ တည်​ဆောက်​ထား​ကြ​၏။

18-19. ဒ​မာ​သက်​မြို့​က​သင့်​ကုန်​စည်​များ​နှင့်​သင် ထုတ်​လုပ်​သည့်​ပစ္စည်း​အ​သုံး​အ​ဆောင်​များ ကို​ဝယ်​ယူ​ကာ ဥ​ဇ​လ​မြို့​အ​နီး​ရှိ​ဝေ​ဒန် မြို့​နှင့်​ယာ​ဝန်​မြို့​တို့​က​လည်း ပစ္စည်း​အ​သုံး အ​ဆောင်​များ​အ​တွက်​ဟေ​လ​ဗုန်​စ​ပျစ်​ရည်၊ စ​ဟာ​ရ​သိုး​မွေး​တို့​ဖြင့်​ပေး​ချေ​ကြ​၏။ သူ တို့​သည်​သံ​ကြွတ်၊ အ​မွှေး​အ​ကြိုင်​အ​မျိုး မျိုး​နှင့်​လည်း သင်​၏​ကုန်​စည်​များ​ကို​လဲ လှယ်​ကြ​၏။-

ယေ​ဇ​ကျေ​လ 27